Part 18

11.3K 1.8K 184
                                    

"ခင်တာထပ်ပိုတဲ့စကားလုံး သုံးလို့လည်း အဆင်ပြေပါတယ်။"

"အစ်ကိုကလည်း...."

မျက်နှာကြီးရဲတက်သွားသော အရုဏ်တစ်ယောက် ညမွှေးပန်းတွေကို လက်ဖဝါးနဲ့အုပ်ကာ ရောင်နီ့ဘေးမှထပြေးလေတော့သည်။
ထိုအခိုကိအတန့်တွင် လေပြေညှင်းကသင်းနေပါအံ့။ ဆံနွယ်ဆံသား အိအိလေးများမှာ လေပြေကြောင့် ကပိုကရိုဖြစ်သွားဟန်ကို ရောင်နီ့မျက်လုံးထဲ စွဲထင်ကျန်ခဲ့သည်။
ပိုးစုန်းကြူးလေးများ၏ အလင်းရောင် မှိန်တုတ်တုတ်ဟာ မီးပုံတဝိုက် ခြံရံ၍ တစ်ယောက်သောသူကမူ ငေးမဝသောကျောပြင်ကို လှမ်းကြည့်ရင်း ပြုံးနေခဲ့သည်။

"ဟိတ်ကောင် မင့်ဘာတွေပြောလိုက်တာလဲ။"

"ဘာပြောလို့တုန်း။"

"ဟိုမှာထပြေးသွားပြီ။"

မခို့တရို့အပြုံးနှင့် ရောင်နီမသိချင်ယောင်ဆောင်လိုက်သည်။ အခြေအနေအချိန်အခါများပေးခဲ့ပါလျှင် ပေါ့ပါးနေသော ငှက်မွှေးတောင်တစ်ခုကဲ့သို့ အိတ်ကပ်ထဲအား ထည့်၍ ဝှက်ထားချင်သည်။ ဤသည် ရောင်နီ၏ ရောက်တက်ရာရာ အတွေးတချို့။

"ကဲပါ...ခင်ဗျားတို့စားကြ။
ကျုပ်လမ်းလျှောက်လိုက်ဦးမယ်။"

"အေး...အေး။"

သန်းခေါင်သံအချိန်ထိစားကြသောက်ကြ၊ကင်းစောင့်ကြနှင့် မိုးလင်းချိန်ရောက်သည့်အခါ တစ်ယောက်ပြီးတစ်ယောက်အိမ်ပြန်နားကြတော့သည်။ အရုဏ်တို့ ဆွမ်းခံကြွချိန်ရောက်မှ ရောင်နီက အိမ်ပြန်ပြီးအိပ်နေပြီဖြစ်သည်။ မနက်ခင်းအချိန်အခါ၌ ကိုင်းရွာ၏ ပတ်ဝန်းကျင်သို့ အအေးဓာတ်ကလွှမ်းခြုံနေပါတကား။

"ဗျို့~ဘတိုးရေ"

"လာပြီဟေ့။"

ဆွမ်းခံလောင်းဖို့ရာ ခပ်မြန်မြန်လေးဆင်းလာသော ဘတိုးကို ကပ္ပိယကြီးက တောင်းလေးဖွင့်ကာ အဆင်သင့်စောင့်နေသည်။ အရုဏ်တစ်ယောက်မှာတော့ ရောင်နီထွက်မလာတာကြောင့် ဘတိုးကို မေးဖို့ ပါးစပ်ရယ်တပြင်ပြင်။ သို့သော် မရင်းနှီးတာကြောင့် နှုတ်ကလည်းသိပ်မရဲချေ။ အရုဏ်အခက်တွေ့နေခိုက် ကပ္ပိယကြီးက အကြောင်းအရင်းတိုက်ဆိုင်စွာနှင့်....

ဖဲသမားလည်း အသဲနဲ့ပါ (Uni and Zawgyi)[Completed]Where stories live. Discover now