Part 30

10.5K 1.3K 112
                                    

"မင်းတို့သုံးကောင်မွှေလာပြန်ပြီလား။"

"ဒီတိုင်းလေး...ဖဲပဲသွား...ရိုက်တာပါ...ကပ္ပိယကြီးရယ်။"

ဘုန်းကြီးကျောင်းပေါ်ခြေပြစ်လက်ပြစ် နားနေသည့် ကျော်မိုးက အမောဆို့နေသည့်လေသံဖြင့် ကပ္ပိယကြီးကိုပြောသည်။
ရိုက်လို့ရတဲ့ ပိုက်ဆံနဲ့ ပြေးရတာနဲ့ တန်တောင်မတန်။ ဥဒယကကောင်တွေလည်း ပုဆိုးစုံတောင်ဆွဲပြေးရတာချည်း။

"ဖဲသွားရိုက်တာ...ညကြီးမိုးချုပ်ပြေးရသလားဟ။"

"ဟိုကောင် မဲကြီးပေါ့။
သင်္ချိုင်းကုန်းမှာ အမဲသားတွေယူလာပြီးစားနေလို့ အနောက်ကဘာကြီးမှန်းမသိလိုက်လာတာ။"

အမောဆို့နေသည့်ကျော်မိုးအစား ရောင်နီကဝင်ဖြေပေးသည်။ ဘဦးဇင်းကတော့ မျက်စုံကိုစုံမှိတ်၍ ကျောင်းရှေ့မှာ မေတ္တာပို့ပေးနေလေရဲ့။ အရုဏ်လည်း သူတို့နှစ်ယောက်ကိုရေတိုက်လိုက်၊ယပ်တောင်ခတ်လိုက်လုပ်ပေးနေရသည်။ စိတ်ဆိုးတာကနောက်၊လောလောဆယ် လူတွေဘာမှမဖြစ်တာပဲကံကောင်းတယ်ဟုဆိုရမည်။

"ဖဲရိုက်တာတော်ရုံဆိုတော်ရောပေါ့။
ဘာဖြစ်လို့ ဥာဥ့်နက်တဲ့အထိသွားရိုက်ရတာလဲ။"

"ဘာမှပြောမနေနဲ့ မြို့သားလေး။
မင်းတို့ကောင်တွေ သူကြီးအိမ်ပို့မယ်။"

"ကောင်းရောဟေး...."

ဥာဥ့်သန်းခေါင်မှာ သူကြီးအိမ်ထိပ်တုံးထဲရောက်သွားသော ကျော်မိုးနှင့်ရောင်နီ။
ပြဿနာအရင်စတဲ့ မဲကြီးဆိုတဲ့ကောင်ကတော့ သတိလစ်နေလို့ ကပ်သီးလေးလွတ်သွားခဲ့သည်။ ချွေးတဒီးဒီးကျနေသော ရောင်နီ၏ နဖူးပြင်အား အရုဏ်ကလက်ဖြင့် ညှင်သာစွာသုတ်ပေးနေ၏။ စိတ်ဆိုးပုံလည်းမပေါ်၊ မဆိုးတာလည်းမဟုတ်။ ရောင်နီ အရုဏ့်စိတ်ကိုခန့်မှန်းလို့မရခဲ့ချေ။

"ကျုပ်ကိုစိတ်ဆိုးနေတယ်မလား။"

"အင်း...ဒါပေမဲ့အခုတော့မဟုတ်သေးဘူး။"

ပုရစ်ရင်ကွဲလေးများ၏ တကျီကျီအော်သံဟာ သန်းခေါင်ယံမှာပြန့်လွင့်နေ၏။
ကျော်မိုးကတော့ တိုင်လုံးကိုမှီကာ အိပ်ပျော်နေလျက်။ အရုဏ်ကအခုထိမပြန်နိုင်သေး။
ရောင်နီ့ မျက်နှာကဒဏ်ရာတချို့အားဆေးထည့်ပေးကာ ညစ်ပတ်နေသည်များကို သန့်ရှင်းရေးလုပ်ပေးနေသည်။

ဖဲသမားလည်း အသဲနဲ့ပါ (Uni and Zawgyi)[Completed]Where stories live. Discover now