Part 32

9.6K 1.3K 76
                                    

"တူ~တူ~"

ဥသြသံကြောင့် အရုဏ်လန့်နိုးလာတော့သည်။ ညကတစ်ချိန်လုံး ရောင်နီ့ရင်ခွင်ထဲအိပ်ပျော်နေခဲ့။ ဖိုးဝလေးလည်း မျက်လုံးတွေကိုပွတ်သပ်၍ အိပ်ယာမှထလာချေပြီ။ ၁၄နာရီကြာ စီးလိုက်ရသော ရထားက နောက်ဆုံးတော့ ရန်ကုန်ဘူတာကြီးမှာဆိုက်ရောက်ခဲ့သည်။

"အစ်ကို ထတော့။
ရထားရပ်နေပြီ။"

"ဟုတ်လား။"

နှစ်ယောက်သား ကမန်းကတန်းပြင်ဆင်ကာ ရထားပေါ်ကဆင်းလာကြသည်။ အရုဏ်ဟာ မွေးရပ်ဇာတိသို့ ပြန်ရောက်လာပြီဖြစ်တာကြောင့် မျက်နှာမှာပျော်ရွှင်မှုက အတိုင်းမသိ။ ရောင်နီက ရှုပ်ထွေးလှသော လူထုကြီးကြောင့် အနည်းငယ်စိတ်ရှုပ်နေပုံရသည်။

"ဒါရန်ကုန်ပဲ...ဟိုမှာဆူးလေ့ဘုရားလေ။"

လက်ညှိုးညွှန်ပြရာနေရာသို့ လှမ်းကြည့်တော့ ကားများကျော်ဖြတ်သွားနေကြသည့် ရွှေရောင်ဝင်းနေသော ဘုရားတစ်ဆူကို တွေ့လိုက်ရသဖြင့် ရောင်နီ လက်အုပ်ချီကာ ရှိခိုးသည်။ ဖိုးဝလေးက မြို့တစ်ခါမှမရောက်ဖူးလို့လားမသိ။ အရုဏ့်လက်ကိုကျစ်ကျစ်ပါအောင်ဆုပ်ထားလျက်။

"ကြောက်လို့လား..သား။"

"မကြောက်ပါနဲ့ အစ်ကိုရှိတယ်လေ။"

"ကျုပ်တို့ဆေးရုံအရင်သွားမလား။
ကိစ္စအရင်ရှင်းမလား။"

"နှစ်ခုလုံးမဟုတ်သေးဘူး။"

အရုဏ်တွေးထားသည်က ဦးဇော်ကို ဗြုန်းစားကြီးဝင်ဖမ်းလို့မဖြစ်ချေ။
ဘယ်လောက်တောင်လိမ်ထားမှန်းမသိတာကြောင့် အရုဏ်အသက်ရှင်နေတာတောင် ယုံကြမည်မဟုတ်။ ယခုဆို နောက်လိုက်တပည့်ပေါင်းမြောက်များစွာဖြင့် ကောင်းစားနေလောက်ပြီ။

"ကျွန်တော်ဖုန်းသွားဆက်လိုက်ဦးမယ်။"

"ဘာလို့လဲ။"

"သူငယ်ချင်းကိုအကူအညီတောင်းမလို့ပါ။"

ရောင်နီ့လက်ထဲ ဖိုးဝလေးကိုပြောင်းပေးပြီးနောက် လမ်းဘေးကစျေးဆိုင်လေးထဲကိုဝင်သွားတော့သည်။ ထို့နောက် ဖုန်းနံပါတ်တစ်ခုကို ခပ်မြန်မြန်နှိပ်၍ ဆက်နေသည်။ ဖြူဖွေးနေသည့် မျက်နှာနုနုက ဒေါသကြောင့်လား၊ခရီးကြောင့်လားမသိ။ ပါးနှစ်ဖက်ကအနည်းငယ်နီဆွေးနေပါ၏။

ဖဲသမားလည်း အသဲနဲ့ပါ (Uni and Zawgyi)[Completed]Where stories live. Discover now