Part 29

9.6K 1.3K 129
                                    

"ကျုပ် ဘယ်သူ့ကိုမှချစ်တယ်လို့ မခံစားဖူးဘူး။"

"အရုဏ့်ကိုစတွေ့တဲ့အချိန်ကစလို့ တစ်စုံတစ်ယောက်ကို ငေးမောရတဲ့ခံစားချက်က သိပ်ကိုရင်ခုန်ဖို့ကောင်းတယ်ဆိုတာ သိခဲ့ရတယ်။"

"ကျွန်တော်ကသက်တမ်းတလျှောက် အချစ်ဆိုတာကို ခေါင်းထဲမထည့်ခဲ့ဘူး။
ဒါပေမဲ့ သေတော့မဲ့ဆဲဆဲအချိန်ရောက်မှပဲ အချစ်ကဘာလဲ သိခွင့်ရတော့တယ်။"

"ငှက်မွှေးလေး..."

တခါမျှမစားဖူးသော ဤနာမ်စားကြောင့် မှေးစက်နေရာမှ မျက်နှာကိုမော့ကြည့်သူ။
အရုဏ့်အတွက် နာမ်စားကို ဘယ်သူ့မှမပြောပဲ တစ်ယောက်ထဲသိမ်းထားခဲ့တာ အချိန်တောင်ကြာရောပေါ့။ တချိန်ချိန်များပိုင်ဆိုင်ခွင့်ရခဲ့ရင် ဒီနာမ်စားဟာ အရုဏ့်အတွက်ပဲဖြစ်ရမယ်။

"ဘာကိုလဲဟင်။"

"ကျုပ်အရုဏ့်ကိုစတွေ့တုန်းကလေ ရွံ့တွေကြားမှာ နစ်မြုပ်နေတဲ့ လတစ်စင်းလိုပဲ။"

"ဖြူစင်လွန်းပြီး မိုးရေထဲမှာတောက်ပနေတဲ့လမင်းလေးပေါ့။"

ပြောပြသမျှကို နားထောင်ရင်း မပြုံးပဲမနေနိုင်။ အားပါးတရဖြင့် ပြောနေပုံအရ စတွေ့ကတည်းက စွဲလမ်းခဲ့သလိုပင်။
ဒါကိုဖွင့်ပြောဖို့ သူအရှိန်တော်တော်ယူလိုက်ရမှာပဲ။

"အရုဏ့်ကိုကယ်ဖို့ ကိုခွေးကသတိပေးတယ်။"

"အဲ့မှာ ကျုပ်ကောက်ချီလိုက်တဲ့အခါ အရုဏ့်ခန္ဓကိုယ်က ငှက်မွှေးတောင်တစ်ခုလိုပေါ့ပါးပြီး အသားအရေက ငှက်မွှေးတွေလို နူးညံ့လွန်းလို့ 'ငှက်မွှေးလေး'ဆိုတဲ့ နာမ်စားက သီးသန့်ဖြစ်တည်လာတာပဲ။"

"သဘောကျလိုက်တာ။"

"ကျုပ်မှာဖြစ်တည်သမျှအရာအားလုံးက အရုဏ့်အတွက် သီးသန့်တွေချည်းပဲ။"

"ကျွန်တော့်ရဲ့ပထမဆုံးဖြစ်တည်လာတဲ့အချစ်ကလည်း အစ်ကိုရောင်နီ တစ်ယောက်ပဲပိုင်ပါတယ်။"

အရုဏ်ဟာ ရောင်နီနှင့်အတူတူ ရပ်ရွာကိစ္စတွေမှာ လိုက်ကူညီရတာ အလွန်သဘောတွေ့လှသည်။ အားရင်အားသလို ကလေးတွေအတွက်လုပ်ပေးပြီး အနားယူချိန်ရောက်ရင်တော့ ရောင်နီ့လက်မောင်းပေါ် ကလေးတစ်ယောက်လို ဝင်တိုးပြီး အိပ်ပျော်သွားပြန်ရော။ အရုဏ်ဖြစ်ချင်သည့်ဆန္ဒမှန်သမျှ လိုက်ဖြည့်စည်းပေးနေတဲ့ ရောင်နီဟာ တစ်ခါတစ်ရံဖဲရိုက်ဖို့ကိုတောင် မေ့လျော့နေတက်သည်။

ဖဲသမားလည်း အသဲနဲ့ပါ (Uni and Zawgyi)[Completed]Where stories live. Discover now