Part 14

12.1K 1.8K 168
                                    

"မြန်မြန်လုပ်စမ်းပါ..မင့်တစ်အိမ်ပဲ ဆွမ်းခံကြွစရာရှိတာမဟုတ်ဘူး။"

"ဘယ်လိုဖြစ်နေတာလဲ။"

ကြည့်မဝဖြစ်နေချိန်ရောက်မှ ဝင်နှောက်လိုက်သော ကပ္ပိယကြီးကြောင့် ရောင်နီ ဖြောင့်တန်းသော မျက်ခုံးတို့တွန့်ကွေးသွားသည်။
သူများတကာ ကြည်နူးလို့ကြည်နူးနေမှန်းမသိတာကြောင့်လည်း လူပျိုကြီးဖြစ်နေခြင်း။

"ကျွန်တော်သွားပြီနော်။"

"အင်း...အင်း..ဆွမ်းခံကြွပြီးရင် ရွာထဲလျှောက်ကြည့်ပါလား။
ကျုပ်လာခေါ်ပေးမယ်လေ။"

"ဟုတ်ကဲ့ပါ။
သွားလိုက်ဦးမယ်နော်။"

"တကယ်နော်...တကယ်လာခေါ်မှာ။"

မျက်စိရှေ့ကဖြတ်လျှောက်သွားပြီးတာတောင် ရောင်နီတစ်ယောက်အနောက်ကနေ လှမ်းအော်နေသေးသည်။ အိမ်ပေါ်ကနေ ခါးထောက်ကြည့်နေသော ဘတိုးကိုတော့ ရောင်နီမမြင်။ ဖြူစွတ်နေသောကောင်လေးက ဝါးပိုးထမ်းပြီး ခပ်သွက်သွက်လျှောက်သွားနေသည်ကိုကြည့်ကာ သဘောကျနေသည်။ ထိုစဥ် အိမ်ထဲကနေ ရေနွေးကြမ်းပန်းကန်တစ်လုံး လေထဲပျံဝယ်လာသည်ကို ရောင်နီ့မျက်လုံးထောင့်စွန်းမှဖြက်ကနဲတွေ့လိုက်ရသည်။

"ဂုတ်~"

"အား...အဘ...ဘာလုပ်တာလဲဗျ။"

"ပစ်လိုက်တာလေ။
မင်းကြီးတော်မို့လို့ အဲ့လောက်ငေးနေတာလား။"

နီရဲသွားသော နားထင်နှင့် ဆူပုတ်နေသော ရောင်နီ။ လက်ထဲ ရေနွေးပန်းကန်လုံးအား ကိုင်ကာ အိမ်ထဲပြန်ဝင်လာတော့သည်။
အဘဆိုသည်က အလွန်လက်မြန်သည့်လူစားမျိုး။ ငယ်ငယ်ကဆိုလျှင် ဘုန်းကြီးကျောင်းမှာစာမသင်ပဲ တောထဲသွားဆော့မည်ဟု မစဥ်းစားလိုက်နှင့်။ အဘက ကြိမ်လုံးကိုင်ပြီး အသင့်စောင့်ပြီးသားဖြစ်နေတက်သည်။

"အိမ်မှာနေရတာ နားငြီးတယ်။"

"အဲ့တာဆို မနေနဲ့ သွားလေ။"

"အေး...အပြင်သွားပြီးပြဿနာရှာလာလို့ကတော့ မင်းခေါင်းနဲ့ကိုယ် အိုးစားကွဲဖို့ပြင်ထား။"

"....."

ဘတိုးကိုအကြောင်းတောင်မပြန်ပဲ မာဖာလာမီးခိုရောင်လေးပတ်ကာ ထွက်သွားသော ရောင်နီ။ မနက်စောစောမို့လို့ ရွာအလယ်ပိုင်းမှာ အကြော်လေးသွားစားဖို့စိတ်ထဲတွေးထားသည်။ ရောင်နီက တောသားပီပီ မနက်ဆိုအကြော်နှင့် ထမင်းကြမ်း မစားရရင်မနေနိုင်။ ရွာအလယ်ပိုင်းက အကြော်သယ်မိအေးရဲ့ အချဥ်ရည်ဆိုလျှင် ထမင်းကြမ်းနှင့် နယ်စားပါက အလွန်စားကောင်းလှသည်။ မန်ကျည်ရေနှင့် ငရုတ်သီးစိမ်းပေါင်းစပ်ထားသည်မို့ ချဥ်ချဥ်စပ်စပ်အရသာ။

ဖဲသမားလည်း အသဲနဲ့ပါ (Uni and Zawgyi)[Completed]Where stories live. Discover now