Part 25

10.6K 1.4K 110
                                    

မိုးဦးမှစ၍ မိုးရာသီကုန်ဆုံးတော့မည့် အချိန်ဟာ နီးကပ်လို့လာခဲ့သည်။
နောက်နှစ်လလောက်နေလျှင် အရုဏ် မြို့ပြန်ဖို့အခွင့်အရေးပြန်ရလာတော့မည်။
သို့သော် ယခုအချိန်ထိတွေဝေနေဆဲ။
ရောင်နီ့ကိုပါခေါ်သွားချင်သော်ငြား သူလည်းသူ့ဇာတိကို စွန့်ခွာနိုင်မည်မဟုတ်။
ဘဝမှာနှလုံးသားရေးရာတွေ စွတ်ဖက်လာရင် ရွေးချယ်မှုတိုင်းက လမ်းနှစ်ခွဖြစ်ကုန်တော့တာပဲ။

"ဆရာ့...ဘာတွေတွေးနေတာလဲ။"

"အမ်...ဘာမှမဟုတ်ပါဘူး။"

စားပွဲခုံပေါ်လက်ထောက်၍ စဥ်းစားခွင့်ဖွင့်နေသော အရုဏ့်ကို ကလေးတစ်ယောက်လှမ်းခေါ်လိုက်တာကြောင့် အတွေးပျက်သွားပြန်သည်။ ယနေ့အဖို့ မြို့ပြန်မဲ့ ကိစ္စတွေးတာ သုံးကြိမ်တောင်မကတော့ချေ။

"သားရေးထားတာ လှလား ကြည့်ပေးပါဦး။"

ဖြူဖြူတုတ်တုတ်ဝဝပုံစံရှိသော ကလေးငယ်တစ်ယောက်ဟာ အတန်းထဲကထွက်၍ အရုဏ့်ဆီကို ပြေးလာပြသည်။ စာသင်ကျောင်းထဲ ထိုကလေးလေးက အတက်ကြွဆုံးဖြစ်ပြီး အရုဏ့်ကိုလည်း ကလေးတိုင်းထပ်ပိုခင်တွယ်သည်။

"ဟူး~"

အရုဏ့်အနားရောက်တော့ ခါးလေးကုန်းပြီး အသက်ကိုဖြည်းဖြည်းချင်းရှုူကာအမောဖြေနေတာကြောင့် စိတ်ထဲထင့်သွားလိုက်ရ။
ပါးနှစ်ဖက်က ကလေးပီပီ မို့နေတက်ပြီး သနပ်ခါးက အမြဲလိုလိုဖွေးနေတက်ပြန်သည်။ စွပ်ကျယ်အပွကြီးနဲ့ ချည်ဘောင်းဘီအကွက်လေးတွေကို အဆင်မရိုးရအောင် ဝတ်လေ့ရှိတဲ့ သည်ကလေးကို အရုဏ်သတိထားမိတာ အလွန်ကြာရောပေါ့။

"သား...ဘာဖြစ်တာလဲ။"

ထိုင်ခုံကနေ အောက်ကိုဆင်းလိုက်ပြီး ကလေးလေးကို ပွေ့ချီကာ ရေနည်းနည်းယူတိုက်လိုက်သည်။ တစ်ခုခုလုပ်ပြီးတိုင်း အမြဲမောနေတက်တာ သိပ်တော့မဟုတ်သေးပေ။

"မောလို့ပါ...ဆရာ။"

"ဘာလို့မောတာလဲ...တအားပြေးလို့လား။"

"သားက နှလုံးရောဂါရှိတာပါ။
ဆေးဆရာဦးပုပေးတဲ့ဆေးတွေနဲ့ အသက်ဆက်ထားရတာလို့ အဖေကပြောဖူးတယ်။"

ဖဲသမားလည်း အသဲနဲ့ပါ (Uni and Zawgyi)[Completed]Where stories live. Discover now