Part 11

12.8K 1.8K 227
                                    

"မ..မမြည်းပါဘူး။"

သူကြီးရဲ့နှစ်လုံးပြူးသေနတ်ဆိုလျှင် တစ်ရွာလုံးကြောက်ရသည်မို့ အသံတိတ်သွားကြသည်။ အရုဏ်ကတော့ ပါးစပ်အဟောင်းသားဖြင့် ရွာသားများကိုလိုက်ကြည့်နေသည်။ တချို့သောရွာသားများမှာ ခေါင်းပေါင်း ပေါင်းထားတာကြောင့် ချွေးတဒီးဒီးကျနေသည်။ ကြည့်ရတာ ယာထဲကပြေးလာသည့်ဟန်။

"အဆင်ပြေပြီမလား။"

"ကျုပ်ဆန်စက်ကိစ္စတွေလုပ်စရာရှိသေးတယ်။"

"ကျုပ်လည်းငွေတိုးသွားတောင်းရဦးမယ်တော့။"

ဒေါ်စိန်ကြွယ်က ဘတိုးကိုမျက်စောင်းထိုး၍
သူကြီးအားမေးသည်။ တခြားသောရွာသားများမှာမူ သူကြီးစကားကိုသာ နားစွင့်နေကြသည်။ သူကြီးကတော်နှင့် အရုဏ်လည်းထိုနည်းတူပင်။

"ရွာသူရွာသားတွေသဘောတူရင် ကျုပ်အဲ့အတိုင်းပဲစီစဥ်လိုက်မယ်။"

"တူပါတယ် သူကြီး။"

"အဲ့တာကောင်းပါတယ်။"

တစ်ယောက်တစ်ပေါက်ဖြင့် အသံများဆူညံသွားပြီးနောက် သူကြီးကလက်ပြကာ အသံတိတ်ခိုင်းလိုက်သည်။ ထို့နောက် အရုဏ့်ဆီသို့လှည့်ကာ...

"မောင်ရင်လည်း ဘာမှမပူနဲ့တော့ ဟုတ်ပြီလား။"

"ကျုပ်တို့ရွာက ခင်ဗျားတစ်ယောက်စာတော့ တင်ကျွေးထားနိုင်ပါတယ်ဗျ။"

ရွာသားတစ်ယောက်မှဝင်ပြောသည့် စကားကို သူကြီးလည်းပြုံး၍ ထောက်ခံသည်။ တခြားသော ရွာသားများလည်း ထိုနည်းတူပင်။ ထို့နောက် အစည်းအဝေးပြီးကြောင်းပြောဆို၍ ရွာသူရွာသားများအား ပြန်လွှတ်ကာ သူကြီးက ဘဦးဇင်းဆီလိုက်အပ်ပေးသည်။ အရုဏ်ကိစ္စတစ်ခုလုံးပြီးသွားသည်အထိ သတိထားမိတာက မနေ့က 'ရောင်နီ'ဆိုသည့်အစ်ကို ပေါ်မလာသေးပါ။ သူကြီးကိုမေးပြန်ရင်လည်း တမျိုးထင်မည်ဆိုး၍ မမေးဖြစ်ခဲ့။

"ဟေ့ကောင် ငနီ။"

"ထစမ်း...နေဖင်ထိုးနေပြီဟ။"

"ဟာ အဘကလည်း...."

"ဘာကို အဘကလည်း လဲ။"

အခန်းထဲမှောက်ရက်အိပ်နေသော ရောင်နီ့ကို ဘတိုးက ဆောင့်ကန်၍ နှိုးနေသည်။ နေ့လည်စာစားချိန်ရောက်နေတာတောင် ယခုထိမထသေးသောကြောင့်ဖြစ်သည်။
ဖွာလန်ကျဲနေသော ဆံပင်ဖြင့် ကျုံးထလာပြီးနောက် မျက်စိမဖွင့်သေးပဲ နှစ်မိနစ်လောက် ထိုင်နေသေးသည်။

ဖဲသမားလည်း အသဲနဲ့ပါ (Uni and Zawgyi)[Completed]Where stories live. Discover now