Part 17

11.4K 1.7K 123
                                    

"အဘ ကျုပ်သွားပြီနော်။"

"ဟိတ်​ကောင် သေချာစောင့်။
အိပ်ငိုက်မနေနဲ့နော်။"

"သူ့ဘာသာသူ သိပါတယ် ငတိုးရယ်။
အကုန်လိုက်သတိပေးနေတာပဲ။"

"အော် ကျုပ်ကဖအေလေဗျာ။"

အိမ်ကနေ ခပ်မြန်မြန်လေးထွက်သွားသော ရောင်နီတစ်ယောက် ဘကြီးမိုးနှင့် ဘတိုး၏ ငြင်းခုန်သံများကို မကြားတော့ပေ။
ကင်းတဲကို သွားသည့်လမ်းတွင် လေချွန်သံလေးဟာ တမြမြ။
ဝါးပင်အညွှန့်လေးတစ်ခက်ကို ကူးကာ လက်ဖြင့် ဆော့ရင်း အုပ်စုလိုက်စောင့်နေကြသော ကာလသားများကို တွေ့လိုက်ရသည်။

"ဟား...ဟေ့ကောင် ငနီလာပြီလားဟ။"

"လာပြီလေ...ကျုပ်က အခုမှအားတာဗျ။"

ကာလသားခေါင်းဆောင်ကိုမြဒင်ဟာ အုပ်စုကြားထဲတွင် အကြီးဆုံးဖြစ်သည်။ဆံပင်ကေမှာမူ ရှေ့တစ်လက်မနောက်ပြောင်ပုံစံ ညှပ်ထားသည်။ တီရှလက်တိုအမြဲဝတ်ကာ ပုဆိုးကတော့ ယောဂီရောင် ဝတ်လေ့ရှိသည်။ လေးထောင့်ဆန်သော မျက်နှာထားကြောင့် သူ့ကိုယ်သူ ရုပ်ရှင်မင်းသားစတိုင် ထုတ်တက်စမြဲ။

"မင့်က ဘာလုပ်နေလို့တုန်း။"

"ကျုပ်ဘုန်းကြီးကျောင်းမှာစာသင်ကျောင်း ဆောက်ပေးနေရတယ်လေဗျာ။"

ညနေစောင်းလာပြီမို့ မီးဖိုသူကဖို၊ရေနွေးအိုးတည်သူက တည်နှင့် ရွာထိပ်တွင် အနည်းငယ်မှောင်စပြုလာလေသည်။
ရောင်နီဟင်းချက်ပေးဖို့ရာ အသင့်ပြုပေးနေသူကပြင်နေသည်။ ကြက်နှစ်ကောင်ကိုလည်လိမ်သတ်ပြီး ဘူးသီးသုံးလုံးကို အခွံခွာပြီး လှီးထားသည်။ အကုန်လုံးဟာ ရောင်နီအဆင်သင့်ချက်လိုက်ယုံသာ။

"ဟ...ငါတို့လည်းမသိရပါလား။"

"အေးလေ...မင်းကငါတို့ကိုတောင်မခေါ်ဘူး။"

"ဘယ်သူကဦးဆောင်ပြီးဆောက်တာလဲ။"

အကုန်လုံးက ဝိုင်းပြီးမေးလာကြတာကြောင့် ရောင်နီဘယ်ကစဖြေရမှန်းမသိ။
သေချာတာကတော့ အရုဏ့်ဆီကိုအသည်းအသန်သွားကြတော့မည်။ ရောင်နီထိုသို့မဖြစ်စေချင်ပါ။ အရုဏ်လိုချင်သမျှကို တစ်ယောက်တည်းသာဖြည့်စည်းပေးလိုသည်။ တခြားတစ်ဦးတစ်ယောက်ကိုမှ မျှဝေလိုချင်မရှိ။

ဖဲသမားလည်း အသဲနဲ့ပါ (Uni and Zawgyi)[Completed]Where stories live. Discover now