Part 26

10.2K 1.4K 47
                                    

"သားတို့ကပြောပြတာပါ ဆရာရယ်။"

"စား...စား။"

ထမင်းစားချိန်ကို ပျော်ပျော်ကြီးဖြတ်သန်းကြပြီးသည့်နောက် နေ့လည်ခင်းစာသင်ချိန်ပြန်စသည်။ နေ့လည်ချိန်ဆိုရင်တော့ အရုဏ်က အကြာကြီးမသင်တက်ပေ။ အဘယ်ကြောင့်ဆိုသော် ကလေးအတော်များများက မိဘကို ဝိုင်းကူပေးရသေးသည်။ ညနေဘက်ဝိုင်းကူ၊ညကျ ဖယောင်းတိုင်မီးနဲ့စာလုပ်။
ဒါတောင် အရုဏ်ပေးသမျှ အိမ်စာမပြီးလာဘူးဆိုတာ တခါမျှမရှိ။

"ဆရာ...ညနေကျောင်းဆင်းရင် ဘယ်သွားမှာလဲ။"

"ဟိုကလေးလေးအတွက်သွားမေးမလို့။"

"သြော်...ဖိုးဝလေးကိုပြောတာလား။"

ရိုးရှင်းလှသော နာမည်တစ်ခုကြောင့် အရုဏ်မျက်ဝန်းထဲဝယ် လင်းလက်သွားသည်။
ဝဝတုတ်တုတ်ကလေးလေးက နာမည်နှင့်လိုက်လှပါဘိ။ ၇နှစ်အရွယ်ကျောင်းသားတစ်ယောက်ကပြောပြနေသည်ကို သေချာနားစွင့်ထားသည်။

"နာမည်က ဖိုးဝလေးလား။"

"ဟုတ်တယ်...ဖိုးဝက နှလုံးရောဂါသည်လေးပါ။ သူ့အဖေကလည်း လယ်စာရင်းငှားလုပ်ရတာ။"

"အစ်ကိုငနီ သူ့အဖေကိုသိတယ်။"

"ဟုတ်လား။"

သနားစရာဘဝဇာတ်ကြောင်းလေး​က အရုဏ့်ကို သိချင်စိတ်ပြင်းပြလာအောင် ဆွဲဆောင်လာသည်။ သာမန်နှလုံးရောဂါဆိုရင် ရေရှည်ဆေးကုလိုက်ရင် ပျောက်သွားနိုင်သည့်ကိစ္စ။ အားကိုးစရာ ရောင်နီကလည်း မနက်စောစောစီးစီးကတည်းက မူးပြီးမှောက်နေတာကြောင့် ယနေ့တော့ ရွာထဲတစ်ယောက်တည်းသာ ခြေဆန့်ရတော့မည်။

"ဆရာရေ တာ့တာ..."

"အင်း...တာ့တာ။"

ကျောင်းဆင်းခေါင်းလောင်းထိုးသံလေးသည် ဘုန်းကြီးကျောင်းဝန်းထဲသို့ တစိမ့်စိမ့်ပျံ့လွင့်နေလျက်။ ဝဿန်ကာလဖြစ်တာကြောင့် မြေကြီးမှာ အနည်းငယ်စိုစွတ်သည်။ အလွမ်းဓာတ်ခံရှိသူအဖို့ လွမ်းချင်းတစရာကဗျာတစ်ပုဒ်ရကောင်းရနိုင်ပေမည်။

"ဝါးခမောက်ဆောင်းသွားဦး မြို့သားလေးရေ။"

"ဟုတ်ကဲ့ပါ...ကပ္ပိယကြီး။"

ဖဲသမားလည်း အသဲနဲ့ပါ (Uni and Zawgyi)[Completed]Where stories live. Discover now