Part - 4 (Edited)

7.2K 766 3
                                    

Unicode

YiXiao ရဲ့ စကားကြောင့် Xiao Zhan မျက်လုံးတောင်ပြူးသွားတယ်။ YiBo ကလည်း သူ့သားပြောတာတွေကြားပြီး ဘာမှ မတုန့်ပြန်နိုင်ဘဲ တောင့်တောင့်ကြီးဖြစ်သွားတယ်။ Xiao Zhan က YiXiao ကိုချီလိုက်ဝာယ်။

"ရှူး.... ဒယ်‌ဒီ့ကို အဲလိုမပြောရဘူးလေ"

"ဟင့်အင်း..ဒ...ဒယ်ဒီက သားကို မုန်းနေတာ သားလည်း ဒယ်ဒီ့ကို မုန်းတယ်.. သား ဒယ်ဒီကို မတွေ့ချင်တော့ဘူး သွား..သွား..ထွက်သွား....''

YiXiao က YiBo ကို လက်ညှိးထိုးပြီး ထွက်သွားဖို့ပြောလိုက်တယ်။ YiBo မတ်တပ်ရပ်လိုက်တဲ့အခါ နေကာမျက်မှန်က ပလက်စတစ်အကျိုးအပဲ့တွေ သူ့ပေါ်ကနေ ကျလာတယ်။ Xiao Zhan YiBo ဆီမှာ စိတ်မ‌ ကောင်းဖြစ်နေတဲ့ ပုံစံမျိုးတွေ့ရတယ်။

"သား အခုကစပြီး Xabu နဲ့ပဲနေမှာ''
"ဟ..ဟမ်?''
"ဒါကြောင့် ဒယ်ဒီက အရင်က ထားခဲ့ဖူးသလိုပဲ သားကို အခုလည်း ထားခဲ့လို့ရပြီ''

YiXiao က သူ့အဖေကို မမြင်ချင်တော့လို့ Xiao Zhan ရဲ့ ပခုံးပေါ်မှာ မျက်နှာမှောက်ပြီး ရှိုက်ငိုနေတယ်။ Xiao Zhan ဒီအခြေအနေကိုထိတ်လန့်မိတယ်၊ YiBo ကလည်း ဘာမှမပြောဘဲ တိတ်ဆိတ်နေတယ်။

"Uh...''
"မင်းနာမည် ဘယ်လိုခေါ်လဲ''
"Xiao....Xiao Zhan...''

YiBo သူ့မျက်နှာကို ပွတ်လိုက်ပြီးတော့ သက်ပြင်းချလိုက်တယ်။

"ငါတို့နဲ့ လိုက်ခဲ့ပါ''
"ဘာ?ဘာလို့...?''
"ဘာလို့ဆို သားကိုကြည့်ရတာ မင်းကို အရမ်းသဘောကျနေပုံရတယ်။ ငါ အလုပ်သွားနေတဲ့အချိန်မှာ သူ့ကို ဂရုစိုက်ပေးဖို့အတွက် ငါတို့နဲ့ လိုက်ခဲ့ပေးပါ..''

Xiao Zhan မျက်လုံးတွေ ပြာထွက်သွားတယ်။

"မင်းရဲ့သားက အခုလေးတင်ပြောနေတာကို မင်းဘာမှလုပ်ပေးဖို့မစဥ်းစားမိဘူးလား?တကယ်ကြီးပဲ...''
"ပါးစပ်ပိတ်လိုက်.. ငါတို့နဲ့ လိုက်သာလိုက်ခဲ့ပါ''
"Ugh...ဒါပေမယ့် ဘာလို့လဲ?''

---------------------
Xiao Zhan YiBo တို့နေတဲ့ တိုက်ခန်းရှိတဲ့ အဆောက်အဦးကိုမြင်လိုက်ရတဲ့အခါ ပါးစပ်ဟောင်းလောင်းဖြစ်သွားတယ်၊၊ YiXiao က Xiao Zhan လက်ကိုကိုင်ချင်လို့ လှမ်းဆွဲလိုက်တယ်၊ Xiao Zhan YiXiao ရဲ့ပါးလေးကို ပွတ်ပြီး ပြုံးလိုက်တယ်။

Love Pickles [Completed]Tahanan ng mga kuwento. Tumuklas ngayon