Part - 21 (Edited)

4.8K 487 17
                                    

Unicode

ရှောင်းကျန့်တစ်ယောက် သူ့ရှေ့မှာရှိတဲ့ hotpot အိုးကို ကြည့်နေပေမယ့် စိတ်ကတခြားနေရာ​​ေရာက်နေတယ်။ သူ့ဘေးမှာရှိတဲ့ရိပေါ်က အသားဖက်ကို ယူပြီး သူ့ပါးစပ်ရှေ့အရောက်ခွံ့ကျွေးနေပေမယ့်လည်း နည်းနည်းလေးမှရွေ့မလာဘူး။

ရိပေါ် အသားတွေရော အသီးအရွက်တွေကိုပါ ပျော်ပျော်ကြီးစားနေတဲ့ ရိရှောင်းကို တစ်ချက်လှမ်းကြည့်လိုက်တယ်။

"သား..ဒယ်ဒီမရှိတုန်း တစ်ခုခုဖြစ်ခဲ့သေးလား? ကျန့် ဘာဖြစ်နေတာလဲ?''

"သားမသိဘူးဒယ်ဒီ..ရှာပူက သူ့မာမီနဲ့တွေ့ခဲ့တယ် ပြီးတော့ BooM!!...ရှာပူအခု စိတ်ဆိုးနေတယ်!တွေ့လား!''

ရိပေါ် စိတ်ကတခြား လူကတခြားဖြစ်နေတဲ့ရှောင်းကျန့်ကို ပြန်ကြည့်လိုက်တယ်။ ရိပေါ် သက်ပြင်းချပြီးတော့ ရှောင်းကျန့်ရဲ့နားရွက်နားကိုကပ်ကာ လေမှုတ်လိုက်တော့ ရှောင်းကျန့်လန့်သွားတယ်။

"ဝါး.လန့်သွားတာပဲ ရိပေါ်..''

"အထူးအဆန်းတွေလုပ်နေတာ ကျန့်လေ.. ဘာဖြစ်နေတာလဲ? တကယ်ပဲ ကျန့်အမေနဲ့တွေ့ခဲ့တဲ့အတွက်​ကြောင့်လား? ကျန့်အမေနဲ့တွေ့ရတာ မပျော်ဘူးလား?''

ရှောင်းကျန့်ခေါင်းခါတယ်..

"အဲဒါက...အဖေသေသွားတာတောင် မကြာသေးဘဲ အမေကတခြားယောက်ျားတစ်ယောက်နဲ့ နောက်အိမ်ထောင်ပြုလိုက်တာကို မုန်းတာပါ၊ အမှန်တိုင်းပြောရရင် အဖေမရှိတာ သုံးလပဲရှိသေးတယ်..ငါ့အမေက အဲဒီလူနဲ့လက်ထပ်ဖို့ စီစဥ်ပြီးနေပြီ။ ဒါက ယုတ္တိမရှိဘူးဆိုတာ မင်းသိတယ်မလား? ဒါပေမယ့် ငါ့အမေအတွက်လည်း မမျှတဘူး.. ရုတ်တရက်ထွက်ခွာသွားတဲ့ ငါ့အဖေကိုလည်းငါမုန်းသင့်တယ်ထင်ဝာယ်''

"မင်းက မိဘတွေနဲ့မရင်းနှီးဘူးလို့ ငါ့ကိုဘယ်တုန်းကမှမပြောဖူးဘူးနော်"

ရှောင်းကျန့်ပခုံးတွန့်လိုက်တယ်..

"ဘာပဲဖြစ်ဖြစ် အဲ့ဒါက ငါပြောရတာကြိုက်တဲ့ အကြောင်းအရာမှမဟုတ်တာ..''

"နားလည်ပြီ.''

ရှောင်းကျန့်ပေါ့ပေါ့ပါးပါးပြုံးကာ ရိပေါ်ရဲ့ဆံပင်ကို စနောက်ပြီး ဖွလိုက်တယ်။

Love Pickles [Completed]Where stories live. Discover now