Part - 16 (Edited)

5.3K 510 10
                                    

This part contains sexual terms.
Read at your own risk.

Unicode

ရှောင်းကျန့် ရိပေါ်ကို မယုံကြာ်နိုင်စွာနဲ့ကြည့်မိတယ်။ သူအခုကြားလိုက်ရတာ အမှန်ပဲလား? ရိပေါ်က သူ့ငယ်ပါကို အခုအရသာခံဖို့ပြောလိုက်တာလား? ဘာဆိုဘာမှနားမလည်သေးတဲ့ကလေးတစ်ယောက်ရဲ့ရှေ့မှာလေ..ဒါပေမယ့် အခုထိတော့ နားမလည်သေးဘူးပေါ့။ ကလေးရှေ့မှာပြောတာတော့ နည်းနည်း​ေတာ့ လွန်လွန်းတယ်လေ..

"အာ..ဝေ့ ညစာဘာစားချင်လဲ?''

ရှောင်းကျန့် ေရှ့ကပြောနေတဲ့အကြောင်းအရာကို ခေါင်းစဥ်ပြောင်းချင်လို့ ရိရှောင်းကို မေးလိုက်တယ်။ ရိပေါ်က မျက်ခုံးပင့်ပြီး ပြုံးလိုက်တယ်။

"မင်းက ဘာလို့ဒီလောက်ရှက်သွားရတာလဲ? မင်း ဆွန်းလီကို အဲဒီအကြောင်းပြောတုန်းကတော့ ကိုယ့်ကိုကိုယ် အထင်ကြီးနေပုံပါ၊''

"ငါ....ငါသူ့ကို မနာလိုဖြစ်အောင် လုပ်လိုက်ရုံပါ..အ..အတည်ပြောတာမဟုတ်ပါဘူး..''

"အာ..ငါဝမ်းနည်းသွားပြီ''

ရိပေါ်ပြောပြီး သက်ပြင်းချလိုက်တယ်။ ရိရှောင်းက သူ့ဒယ်ဒီဘက်လှည့်ပြီး ေခါင်းလေးစောင်းကြည့်လိုက်တယ်။

"ဒယ်ဒီ..ဘာဖြစ်လို့လဲဟင်?''

"သားရဲ့ရှာပူက ဒယ်ဒီကို လက်ဆောင်မပေးချင်ဘူးတဲ့..''

ရိရှောင်းက ရှောင်းကျန့်ဘက်ပြန်လှည့်ပြီးမေးတယ်။

"ရှာပူ..ဒယ်ဒီကို မုန်းလို့လားဟင်? အဲဒါကြောင့် ဒယ်ဒီကို လက်ဆောင်မပေးချင်တာလားဟင်?''

"ဘာ? မ..မဟုတ်ပါဘူး အဲ့ဒီလိုမဟုတ်ဘူး..''

"ဒါဆိုဘာလို့လက်ဆောင်မပေးတာလဲ?''

ရှောင်းကျန့် ညီးရင်း ရိပေါ်လက်မောင်းကို ရိရှောင်းမသိအောင် ဆွဲဆိတ်​ေနလိုက်တယ်။ ရိပေါ်က ကျိတ်ရယ်နေရင်း ရှောင်းကျန့်ကို သူလုပ်ချင်တာ ပေးလုပ်ထားလိုက်တယ်။

*သူ ကလေးကို ဘယ်လိုတောင် အသုံးချရဲတာလဲ?*

"ရှာပူက သားဒယ်ဒီကို လက်ဆောင် ပေးချင်ပါတယ်..သူလိုချင်တဲ့လက်ဆောင် မဟုတ်တာလေးပါပဲ''

Love Pickles [Completed]Where stories live. Discover now