Part - 25 (Edited)

4.2K 448 12
                                    

Unicode

"နတ်ဆိုးမကြီး?''

"ဟုတ်. သားငရုပ်‌ကောင်းမှုန့်တွေနဲ့ ပစ်လိုက်တဲ့ နတ်ဆိုးကြီးလေ..! ကျွင်းလေးနဲ့သူ့မာမီတို့ သားကို ဒယ်ဒီတို့ဆီလာပို့ပေးတုန်းက သူ့ကိုထပ်တွေ့လိုက်တယ်''

"ဘာ!? "

ရိပေါ်က စားပွဲကို လက်နဲ့ရိုက်ကာ အော်လိုက်တာကြောင့် ရှောင်းကျန့်နဲ့ရိရှောင်း တုန်သွားတယ်။ ခုံပေါ်မှာတင်ထားတဲ့ ရေခွက်ကလဲသွားပြီး သူ့ရဲ့ပန်းကန်ထဲမှာရှိတဲ့စားစရာတွေက ဖိတ်ကျကုန်ကာ စားပွဲခုံက ရှုပ်ပွသွားတယ်။

"စိတ်...စိတ်ငြိမ်ငြိမ်ထားပါ''

ရှောင်းကျန့်က တစ်ရှူးတစ်ချို့ယူကာ ဖိတ်ကျသွားတဲ့ ရေတွေကိုသုတ်ရင်းပြောတယ်။

"သူ့ကို ဘယ်အချိန်တုန်းက တွေ့ခဲ့တာလဲ?''

ရိပေါ် အံကြိတ်ကာ ေမးလိုက်တယ်။

"အင်းး.... ဒယ်ဒီနဲ့ရှာပူ အပြင်ထွက်ပြီးတုန်းကလား...? သားမသိတော့ဘူး! သားက သူလမ်းလျှောက်နေတာကို မြင်ခဲ့တာ''

ရှောင်းကျန့်လန့်သွားတယ်။

"ဒါ...ဒါဆို... ကျန်ခဲ့တဲ့တစ်ပတ်က ဖြစ်ခဲ့တာပေါ့?''

"ဒီခွေး.....''

"ရိပေါ် ကလေးရှေ့မှာ အပြောအဆိုဆင်ခြင်!ပြီးတော့ ရိရှောင်း သား မနက်စာကို ဧည့်ခန်းထဲယူသွားပြီး စားလိုက်ပါလား? ရှာပူ စားပွဲကို သန့်ရှင်းရေးလုပ်ရမှာမလို့''

"ဟုတ်!''

ရှောင်းကျန့်က ပြုံးပြီး ရိရှောင်းရဲ့ မနက်စာပန်းကန်ကို ဧည့်ခန်းထဲထိ ကူသယ်ပေးလိုက်တယ်။ မီးဖိုခန်းကို ပြန်လှည့်လာတော့ ဒေါသထွက်နေတဲ့ ရိပေါ်ကို တွေ့ရတယ်။

"အဲဒိမိန်းမ ဘာစောက်ချိုး ချိုးနေတာလဲ? အိမ်နားမှာ ကုတ်ချောင်းကုတ်ချောင်းလာလုပ်နေတယ်!''

ရှောင်းကျန့် သက်ပြင်းချပြီး ရိပေါ်ရဲ့လက်ကိုကိုင်ကာ သူ့ဘေးနားမှာထိုင်လိုက်တယ်။

"ကျိရန်ကို မေးကြည့်ရအောင် သူရောတွေ့ခဲ့လားလို့''

"....အင်း...''

Love Pickles [Completed]Where stories live. Discover now