Part - 26 (Edited)

4.4K 433 10
                                    

This part contains sexual terms.
Read at your own risk.

Unicode

"ဒါဆို ပြောပါဦး..  မာမီက သားရဲ့အမေဆိုရင်ရော... သားပျော်မှာလား?''

"ဟင့်အင်း.. သားနဲ့ဒယ်ဒီ့ဆီမှာ ရှာပူရှိပြီးသား''

"သူကယောက်ျားလေးလေ.. သားရဲ့ အမေဖြစ်လို့မရဘူး''

ဆွန်းလီပြောရင်း အံကိုကြိတ်ကာ ပိုက်ဆံအိတ်ကိုလည်း တင်းကြပ်စွာကိုင်ထားတယ်။

"အန်တီကြီးလည်း ဘာမှမတတ်နိုင်ပါဘူး''

ရိရှောင်းက အော်ပြောကာ ဆွန်းလီကို မျက်လုံးစောင်းကြည့်တယ်။

*ငါ့သားလေးနှစ်သားလေးက စကား ကောင်းကောင်း‌ပြောတတ်နေပြီပဲ.. ငါဂုဏ်ယူလိုက်တာ..*

ရိပေါ် တိတ်တိတ်လေး ရယ်နေကာ ခန္ဓာကိုယ်လှုပ်နေတာကို ထိန်းနေတယ်။ ရိရှောင်းက နှာမှုတ်ကာ ဆွန်းလီကို ဆက်မကြည့်ဘဲ မျက်နှာလွှဲလိုက်တယ်။

မကြာခင်မှာပဲ စားစရာတွေအကုန်ရောက်လာတော့မှပဲ ရိရှောင်း စိတ်သက်သာရာရပြီး သက်ပြင်းချလိုက်တယ်။

"ဟူးးး သား ဒါကိုစောင့်နေတာ ဒယ်ဒီ!''

ရိရှောင်းက မျက်လုံးတွေ တောက်ပနေပြီး စိတ်လှုပ်ရှားစွာပြောတယ်။ ရိပေါ်ကပြုံးပြီး သူ့သားအတွက် အသားလှီးပေးနေတယ်။ ဆွန်းလီ ချောင်းဟန့်ကာ ရိရှောင်းကို ပြုံးပြီး ကြည့်လိုက်တယ်။

"မာမီခွံ့ကျွေးရမလား?''

"ဟင့်အင်း.. သားဘာသာ စားတတ်တယ်''

ရိရှောင်း မြန်​မြန်ပဲဖြေလိုက်တယ်။ သူတို့သုံးယောက်လုံး တိတ်ဆိတ်စွာနဲ့စားသောက်နေကြတယ်.. ဆွန်းလီက ရိရှောင်းကို အနှောင့်အယှက်မပေးခင်အထိပေါ....။

"ရိရှောင်း မာမီ့အိမ်ကိုလိုက်မလည်ချင်ဘူးလား? အိမ်မှာ သား‌ဆော့ဖို့ ကစားစရာတွေအများကြီး ၀ယ်ထားတယ်''

"ဟင့်အင်း''

".... တကယ်လို့ မာမီနဲ့လိုက်ခဲ့မယ်ဆိုရင် မာမီက ဘယ်လောက်ကောင်းလဲဆိုတာ သားသိမှာပါ..''

"တိတ်တိတ်နေ​ပေးပါ အန်တီ!.. အစားအ‌ေသာက်စားရင်း စကား‌ပြောတာ သားမကြိုက်ဘူး.. ''

Love Pickles [Completed]Dove le storie prendono vita. Scoprilo ora