Part - 14 (Edited)

4.8K 540 4
                                    

Unicode

ရှောင်းကျန့် ကျိရန်နဲ့အတူ ရိပေါ်ရဲ့ အိမ်နဲ့နီးတဲ့ ကော်ဖီဆိုင်လေးမှာ ထိုင်နေတယ်။

ရှောင်းကျန့်သက်ပြင်းချနေပုံက ကျိရန်ရဲ့ အာရုံကို ဖမ်းစားလိုက်တယ်။

"ဘာတွေဖြစ်နေတာလဲ?မိနစ်တိုင်း သက်ပြင်းချနေပါလား?စိတ်ထဲတစ်ခုခုဖြစ်နေလို့လား..''

"အင်း... တကယ်လို့ ကော လူတစ်ယောက်ကို ပြန်နမ်းတယ်ဆိုရင် အဲ့လူကို သဘောကျတယ်လို့ ဆိုလိုချင်တာလား?''

ကျိရန်ခေါင်းငြိမ့်ပြ​ီး ပြုံးရုံလေးပြုံးပြတယ်။

"အင်း၊ မင်း မကြိုက်ရင် သူ့ကို တွန်းထုတ်လိုက်မှာပဲလေ..''

"အော့်...အာ ငါ..ငါ ရိပေါ်ကို နမ်းခဲ့တယ်။ ပြီး..ပြီးတော့ ငါ အဲ့ဒါကို သဘောကျတယ်...''

ရှောင်းကျန့်က တိုးတိုးလေး​ရေရွတ်တော့ ကျိရန်က ရယ်ပြီး သူ့ရဲ့ဗိုက်လေးကို ကိုင်​ေနတယ်။

"မင်း ငါ့ကို ပြောပြဖို့မလိုပါဘူး။ ငါ ခံစားမိပြီးသား..''

"ဘယ်လို?''

"မင်း ရိပေါ်နဲ့ နေ့တိုင်း ညတိုင်း အတူရှိနေတာမလား? ဒါကြောင်​့ မင်း သူနဲ့ နမ်းခဲ့တယ်လို့ ငါခံစားမိတာ...ပြီးတော့ ငါထင်တာ မှန်နေတာပဲလေ!''

"အာ.. ကျွန်တော် playခံနေရသလို ခံစားရတယ်..''

"ဘယ်လိုကြောင့်?'' ကျိရန်က မေးတော့ ေရှာင်းကျန့်ပခုံးတွန့်ပြလိုက်ပြီး သူ့လက်ချောင်းတွေကြားမှာ ဇွန်းကိုလှည့်နေတယ်။

"ကောင်းပြီ..သူက gay လား bi လား ကျွန်တော် မစဥ်းစားဘူး၊ သူက ကျွန်တော့်တင်ပါးကို သဘောကျတယ်လို့ ပြောတယ်..ဒါပေမယ့် တခြားယောက်ျားတွေကိုရော မိန်းမတွေကိုရော အဲ့လိုပဲ..''

"ဒါပေမယ့် သူမင်းကို နမ်းခဲ့တယ်လေ၊ အဲ့ဒါက ဘာကိုမှ မပြောပြဘူးလား.?''

"သူစမ်းကြည့်တာနေမှာ။ ကောသိလား အင်းးး သူယောက်ျားလေးတစ်ယောက်နဲ့နမ်းရတာကို သဘောကျလားဆိုတာ ကြိုးစားကြည့်တာမျိုးပေါ့''

" မင်း အတွေးလွန်နေတာ မဟုတ်ဘူးလား? ငါသာ လူတစ်ယောက်နမ်းတယ်ဆိုရင် အဲ့လူကို သဘောကျလို့ပဲ ၊ သူ့ကို ကစားမလို့မဟုတ်ဘူး''

Love Pickles [Completed]Where stories live. Discover now