Part - 5 (Edited)

6.4K 701 2
                                    

Unicode

"YiXiaoလေးက ဒါမျိုးတွေ တွေ့ကြုံဖို့ဆိုတာ အရမ်း ငယ်သေးတယ်... ပြီးတော့.. ဒါမျိုးတွေလည်း မပြောသင့်သေးဘူးနော်...''
"သား..သားအခုအဆင်ပြေသွားပါပြီ။ ဘာလို့ဆို သားမှာ အခု Xabu ရှိတယ်လေ ဒါကြောင့် သားအထီးကျန်တယ်လို့ခံစားရမှာမဟုတ်တော့ဘူး..''

Xiao Zhan သူ့နှုတ်ခမ်းသူ ကိုက်ထားမိတယ်။ သူ့မှာလည်း သူ့ဘဝသူစောင့်ရှောက်ဖို့ရှိနေသေးပေးမယ့် အခုချိန်မှာ သူ YiXiaoလေးကို တစ်ယောက်တည်းထားခဲ့ပြီး မထွက်သွားချင်ဘူး..

"ဒီလိုလုပ်.. Xabu တို့ ဒယ်ဒီ့အတွက် ပုံအသစ်ဆွဲကြမယ် ပြီးရင် ကိတ်နဲ့အတူ ပေးလိုက်မယ်လေ..ဘယ်လိုလဲ?''

သူပြောပြီးပြီးချင်း ဧည့်ခန်းထဲကို ပြေးထွက်သွားတဲ့ YiXiao လေးနောက်ကို Xiao Zhan ပြုံးပြီး လိုက်သွားလိုက်တယ်။ သူသွားနေတုန်းမှာပဲ သူ့အနီးက အမှောင်ထုထဲမှာ တစ်ခုခုရှိနေသလိုခံစားလိုက်ရတယ်။ သူရုတ်တရက်အရမ်းလန့်သွားတယ်။ ဘာလို့ဆို သူလှည့်ပတ်ကြည့်လိုက်တဲ့အချိန်မှာ ကြမ်းပြင်ပေါ်မှာ ထိုင်ချပြီး ရှိုက်ငိုနေတဲ့ YiBo ကို တွေ့လိုက်ရတယ်။

"မင်း...မင်းကဘာလို့ ဒီ....?''
YiBo ကတော့ငိုနေတုန်းပဲ မျက်နှာပေါ်က မျက်ရည်တွေသုတ်ဖို့လုပ်နေတဲ့ သူ့ရဲ့လက်တွေဟာ တုန်ရီနေတယ်။ Xiao Zhan YiBo နဲ့ တစ်တန်းတည်းဖြစ်အောင် ကြမ်းပေါ်ကို ထိုင်ချလိုက်တယ်။

"မင်း ငါတို့ပြောနေတာတွေကို ကြားသွားတာလား?''
"...ဒါ..ဒါ..မဟုတ်ရင် ငါဘာလို့ အခုလို ငိုနေရမှာလဲ..?''
"လာပါ ထ မင်းရဲ့သားဆီကို သွားရအောင်...''

"ငါ ... ငါ ဘာလုပ်ရမှန်းမသိဘူး။ ငါ့ကောင်မလေးမှာ ကိုယ်ဝန်ရှိနေပြီဆိုတာကိုသိလိုက်တဲ့အချိန်မှာ အဖေတစ်ယောက်ရဲ့တာဝန်တွေက ငါ့ကို ရုတ်တရက်ပစ်ချလိုက်သလိုပဲ။ ငါသူ့ကိုကောင်းကောင်းပြုစုပျိုးထောင်ချင်ခဲ့တယ်။ဒါပေမယ့် မလုပ်နိုင်ခဲ့ဘူး.. အဲ့အစား အလုပ်ကိုပဲဆက်လုပ်...."
"အရာရာတိုင်းမှာ ပထမဦးဆုံးဆိုတာ အမြဲတမ်းရှိတယ်။ မင်းသူ့ကိုဂရုစိုက်တယ်ဆိုရင် သူ့ထက်ပိုပြီး ဘာမှမစဉ်းစားနဲ့။''

Yibo မတ်တပ်ရပ်ရင်း မျက်ရည်တွေသုတ်လိုက်တယ်။ Xiao Zhan ကသူ့ရှေ့ကလူကိုကြည့်ရင်းပြုံးလိုက်မိတယ်။
*သူက ခွေးလေးတစ်ကောင်လိုပဲ။ ခြိမ်းခြောက်တတ်ပြီး ရိုင်းစိုင်းပေမယ့် ခွေးပေါက်လေးလိုလည်း ချစ်ဖို့ကောင်းနေပြန်တယ်။
သူတို့နှစ်ယောက်လုံး စာရွက်ပေါ်မှာ ပုံဆွဲရင်း အလုပ်ရှုပ်နေတဲ့ YiXiao ဆီကို သွားလိုက်တယ်။
ဘာကိုမှသူသတိမထားမိဘဲ စာရွက်ပေါ်မှာ အနီရောင် ရောင်စုံခဲတံနဲ့ ရေးခြယ်နေလေတယ်။

Love Pickles [Completed]Tahanan ng mga kuwento. Tumuklas ngayon