Part - 12 (Edited)

4.9K 574 13
                                    

Unicode

"စုန့်ကျိရန်!ကျွန်တော် ယောက်ျားတွေ က​လေးမွေးနိုင်တယ်ဆိုတာကို အရမ်းအံ့အားသင့်နေတုန်းပဲ။ ဒါပေမယ့် ကျွန်တော် ကျိရန်ကိုသဘောကျတယ်။ သူ့ကိုထောက်ခံတယ်။ သူဘယ်လောက်အထိ သန်မာတယ်ဆိုတာ ​ေကာယုံနိုင်လား။ဒုတိယကိုယ်ဝန်ခြောက်လရှိနေရင်းနဲ့တောင် ကလေးကိုတစ်ယောက်ကို ပျိုးထောင်နေတာ.. "

"ဘာ!!!?''

ဟောက်ရွှမ် စားပွဲပေါ်ကို လက်သီးနဲ့ ထုချလိုက်တာ​ကြောင့် ရှောင်းကျန့် တွန့်သွားတယ်။ ရှောင်းကျန့် ကိတ်မုန့်ကို စားပွဲပေါ်ပြန်ချလိုက်ပြီး သူ့ပါးစပ်ထဲမှာ ကျန်နေတဲ့ ကိတ်မုန့်တွေကို မဝံ့မရဲ မြိုချလိုက်တယ်။

"ဘာ...ဘာမှားသွားလို့လဲ ကော? ကျွန်တော် မကောင်းတာ တစ်ခုခု ပြော..ပြောမိသွားလို့လား?''

"ဘယ်သူလဲ..?''

"ဘာကိုလဲ?''

ရှောင်းကျန့်ပြန်မေးရင်းနဲ့ ဟောက်ရွှမ်းအနားကို တိုးသွားတယ်။ သူ့ကောက အလေးအနက်ပြောနေတာကို သူမကြားရလို့။

"အဖေက ဘယ်သူလဲ?''

"အ..အဖေ? အော်..ခဏ..ကကျိရန်ကလေးရဲ့အဖေက ဘယ်သူလဲလို့မေးတာလား?''

"ဗိုက်ထဲမှာ ရှိနေတဲ့ကလေး''

"အိုး ... ကျွန်တော်မသိဘူး။ ကျိရန်ကောက ကျွန်တော့်ကို မပြောပြဘူး''

ရှောင်းကျန့် နှုတ်ခမ်းစူပြီး ပြောတယ်။

"သူနဲ့ ဘယ်လိုတွေ့ခဲ့တာလဲ?''

ဟောက်ရွှမ်း စိတ်ပျက်လက်ပျက်နဲ့မေးလိုက်တယ်။ ရှောင်းကျန့် ခေါင်းလေးစောင်းကြည့်ရင်း ဟောက်ရွှမ်းရှေ့မှာနေရတာ စိတ်မသက်သာသလို ခံစားရတယ်။

"အာ...ကျွန်တော် ကလေးလေးတစ်ယောက်ကို ထိန်းပေးနေတာ..သူ့ရဲ့သူငယ်ချင်းက ကျိရန်ရဲ့သမီး ကျီကျွင်း လေ..''

ဟောက်ရွှမ်း နှုတ်ခမ်းကိုက်ပြီး အဝေးကိုကြည့်နေတယ်။ ရှောင်းကျန့်က သူ့ဖုန်းကိုပုတ်ပြလိုက်တယ်။

"ကျွန်တော် သူ့ကို ခေါ်လိုက်သင့်လား?''

ရှောင်းကျန့်မေးတော့ ဟောက်ရွှမ်းက သူ့ဘက်ကို လှည့်လာတယ်၊ ရှောင်းကျန့်က ဖုန်းခေါ်သင့်မခေါ်သင့် ဆေ​ွးနွေးနေလို့။

Love Pickles [Completed]Where stories live. Discover now