Part - 8 (Edited)

5.3K 622 17
                                    

Unicode

ရှောင်းကျန့် အပေါ်ထပ်ကနေဆင်းလာတဲ့ ရိပေါ်ရဲ့ခြေသံကိုကြားတော့ ထိုင်ရမလို ထရမလိုဖြစ်သွားတယ်။ ရိရှောင်းက သူ့အဖေနဲ့ ရှောင်းကျန့်ကြားကအခြေအနေတွေကို ဘာမှမသိဘဲနဲ့ ကလေးပီပီပျော်နေတယ်...

"ဘာလို့လဲ ...သား?'' ရိပေါ် လှေကားကနေဆင်းလာရင်း မေးလိုက်တယ်။ ရှောင်းကျန့် ရိပေါ်ကို မျက်စောင်းတစ်ချက်ပစ်ကျွေးလိုက်ပြီး ရိရှောင်းနောက်မှာ ပုန်းနေလိုက်တယ်။

"ရှာပူက ဒယ်ဒီ့ကို ကြိုက်......''

"ငါ...ငါ....ငါ ဘာမှမပြောခဲ့ဘူး...!''

ရှောင်းကျန့် ရိရှောင်းရဲ့ပါးစပ်ကို အမြန်အုပ်လိုက်ပြီး အထစ်ထစ်အငေါ့ငေါ့နဲ့ ​ပြောတယ်။ ရှောင်းကျန့်နဲ့ရိပေါ် တစ်ယောက်နဲ့တစ်ယောက် တိတ်ဆိတ်စွာပဲ စိုက်ကြည့်နေကြတယ်...ရှောင်းကျန့်ကတော့ ရိပေါ်ရဲ့ မျက်နှာအမူအရာကို မဖတ်တတ်တဲ့အတွက် တံတွေးပဲ အသာလေးပြန်မြိုချမိတယ်။
ရုတ်တရက် ရိပေါ်ရဲ့မျက်နှာပေါ်မှာ ညစ်ကျယ်ကျယ်အပြုံးကို တွေ့လိုက်ရတော့ ရှောင်းကျန့် ရိရှောင်းကို သူနဲ့အနီးဆုံးရအောင် ဆွဲကပ်ထားလိုက်တယ်။

"ရိရှောင်း...''

"ဟုတ်..ဒယ်ဒီ''

"အပေါ်က ဒယ်ဒီ့အခန်းထဲမှာ ဒယ်ဒီအကြိုက်ဆုံး နက်ခ်တိုင်လေး သွားရှာပေးပါလား?!!ဒယ်ဒီ့မျက်လုံးတွေက သိပ်မကောင်းတော့ဘူး..သားက ဒယ်ဒီ့ထက် မျက်လုံးပိုကောင်းတယ်မလား.!''

"ဟုတ်ကဲ့..ဒယ်ဒီ''

"မသွားနဲ့!! ကိုကိုနဲ့ပဲနေ...''

ရှောင်းကျန့် ရိရှောင်းကို ဖက်ထားရင်းပြောလိုက်တယ်။

"အော်..ရှာပူက သားကို အရမ်းချစ်တာပဲ... ဒါပေမယ့် သားက ဒယ်ဒီ့ကို ကူပြီး နက်ခ်တိုင်ရှာပေးရဦးမယ်။ တောင်းပန်ပါတယ် ရှာပူ..''

"နေ..နေပါဦး... မသွားနဲ့.. ရိရှောင်း!!!!!!''

ရှောင်းကျန့် ရိရှောင်း အပေါ်ကိုပြေးတက်သွားတာကို အော်ဟစ်ပြီး တားလိုက်တယ်။ရှောင်းကျန့် အခု ကြမ်းပေါ်မှာထိုင်နေပြီးတော့ ရိပေါ်ကို ကြည့်နေတယ်။

Love Pickles [Completed]Where stories live. Discover now