Part - 6 (Edited)

6.1K 647 25
                                    

Unicode

YiXiao က ဆိုင်ပတ်ပတ်လည်ကို ကြည့်နေရင်းနဲ့ ကောင်တာ​‌ရှေ့နားက စတော်ဘယ်ရီကိတ်ဆီကို မျက်စိရောက်သွားတယ်။

"Daddy သား ကိတ်မုန့်လိုချင်တယ်''
"Ohh... ဘယ်တစ်ခုလိုချင်လဲသား?''

YiXiao က Xiao Zhan ရဲ့ပေါင်ပေါ်ကနေ ဆင်းပြီး ကောင်တာဆီပြေးသွားကာ စတော်ဘယ်ရီကိတ်ကို လက်ညှိးထိုးပြတယ်။

"Inn... ယူပေးမယ်နော်။ တစ်ခုခုသုံးဆောင်ဦးမလား Mr. Wang? "
"ကျွန်တော့်ကို strawberry milk-shake တစ်ခွက်ပဲပေးပါ... ပြီးတော့ ကျွန်တော့်ကို Mr. Wang လို့မခေါ်ပါနဲ့ YiBo လို့ပဲ ခေါ်ပါ....''

*သူပြောဆိုဆက်ဆံပုံက အံ့ဩစရာကောင်းနေပါလား။ ကလေးတစ်ယောက်လိုပဲ ချစ်ဖို့ကောင်းတယ်...

Xiao Zhan YiBo ကို အတောက်ပဆုံးပြုံးပြလိုက်တယ်။

"ကောင်းပြီ မင်းတို့နှစ်ယောက်ပြန်ထိုင်နေလိုက်ပါ မှာထားတာတွေယူပြီး ကျွန်တော်လာခဲ့မယ်...''

Xaio Zhan ကောင်တာဆီကိုသွားပြီး သူတို့မှာထားတာတွေကို ပြင်ဆင်နေလိုက်တယ်။
YiXiao က သူ့Daddy ကို အရူးလေးလိုပဲ စကားတွေတတွတ်တွတ်ပြောနေတာ သူကြားနေရတယ်။
မူကြိုမှာရှိနေတဲ့ သူ့ရဲ့တစ်နေ့တာအကြောင်းကို ကလေးတစ်ယောက်က သူ့အဖေကို ပျော်ရွှင်စွာ ပြောပြနေတာကို မြင်ရတာ စိတ်ချမ်းသာစရာပါပဲ..
မှာထားတဲ့မုန့်တွေနဲ့အတူ Xiao Zhan ပြန်ရောက်လာပြီး YiXiao အရှေ့မှာ မုန့်ဗန်းကို နေရာချလိုက်တယ်။

"ကိတ်မုန့်စားလို့ရပါပြီ''
"စားမယ် စားမယ်...ကျေးဇူးပါ Xabu...''

YiXiao ကိတ်မုန့်ကို သူ့ဘာသာသူစစားတော့တယ်။ မေးစေ့နဲ့ ပါးနားလေးတွေမှာ ခရင်မ်တွေကလည်းပေလို့.... ပြီးမှသုတ်ပေးဖို့ Xiao Zhan တွေးလိုက်တယ်။ Xiao Zhan လည်း သူတို့ဝိုင်းမှာပဲထိုင်လိုက်ပြီး YiXiao စားနေတာကို ကြည့်နေလိုက်တယ်...

"စားကောင်းလား''
"ဟုတ်...အရသာအရှိဆုံးပဲ 👍🏻''

Xiao Zhan YiBo ဘက်လှည့်ကြည့်တော့ YiXiao ကိတ်မုန့်စားနေတာကို ဓာတ်ပုံရိုက်ယူရင်း အလုပ်ရှုပ်နေတာကို တွေ့ရတယ်။ Xiao Zhan ကျိတ်ရယ်လိုက်ကို မြင်ပြီး YiBo ဓာတ်ပုံရိုက်တာ ရပ်သွားတယ်..။

Love Pickles [Completed]Where stories live. Discover now