Special Part (Edited)

4.1K 365 5
                                    

This part contains sexual terms.
Read at your own risk.

Unicode

အမှန်တော့ Original Author က Part - 26 မလာခင် Special Partကို ရေးထားတာပါ .. အကုန်လုံးက ရိရှောင်လေး ဘာပြန်ဖြေမလဲသိချင်နေကြလို့ Part - 26 ကို အရင် translate လုပ်ပေးလိုက်တာပါ.. အခု special part က Love Pickles ရဲ့ Futureနဲ့ ဆက်စပ်နေတဲ့အပိုင်းပါ။ Part - 26 နဲ့မဆိုင်ပါဘူးနော်။

__________

အချိန်သည်ကား ည ၁၁နာရီခွဲ...

ချစ်သူနှစ်ယောက်က ကားပါကင်က ကားထဲမှာရှိနေပြီး.. ကားရဲ့စက်သံကလွဲ ဘာသံမှမကြားရအောင် တိတ်ဆိတ်နေတယ်။

"ကိုယ့်ကိုပြော..  ပြဿနာက ဘာလဲ?''

ရိပေါ်က သူ့ဘေးမှာရှိနေတဲ့ ရှောင်းကျန့်ရဲ့တည်တံ့လွန်းနေတဲ့မျက်နှာကိုကြည့်ပြီး တိတ်ဆိတ်မှုကိုဖြိုခွဲလိုက်တယ်။

"ဘာမှမဟုတ်ဘူး! ငါတို့အခု အိမ်ပြန်လို့ရပြီလား! ငါအရမ်းပင်ပန်းနေပြီ!''

ရှောင်းကျန့်က ရိပေါ်ရဲ့မျက်နှာကိုမကြည့်ဘဲ ဖြေလိုက်တယ်။ ရိပေါ် မေးရိုးတွေထောင်လာပြီး အံကိုတင်းတင်းကြိတ်ကာ ကားစတီယာရင်ကို ထုရိုက်လိုက်တာကြောင့် ရှောင်းကျန့်လန့်ကာ နေရာကနေ အနည်းငယ်ရွေ့သွားတယ်။

"ကောင်းရော! ကျန့် .. အဲဒါကြောင့် ကိုယ်တို့ စောက်စကားပြောဖို့ရှိလာတာပဲ!''

ရိပေါ်က နောက်ဆုံးမှာ ရှောင်းကျန့်ကို အော်ပြောမိလိုက်တယ်။

"ငါတို့ စကားပြောနေတာပဲလေ! မင်းမမြင်ဘူးလား?''

ရှောင်းကျန့်ကလည်း ပြန်ခံပြောလိုက်တာ​ကြောင့် ရိပေါ်က သူ့မျက်လုံးတွေမှိတ်ပြီး စိတ်ကို ထိန်းချုပ်နေရတယ်။

"ထေ့ငေါ့နေတာတွေကို ရပ်လိုက်တော့ ကျန့် !အခုပြော..ဘာလဲ ခုနက ကောင်မလေးက ကိုယ့်ကိုစကားလာပြောနေလို့လား?''

ရှောင်းကျန့်လက်ခုပ်တီးကာ မျက်နှာပေါ်မှာ ထေ့ငေါ့နေတဲ့အပြုံးမျိုးပြုံးထားတယ်။

"နောက်ဆုံးတော့! မင်းပါးစပ်ကပြောပြီပေါ့!!''

"ကြည့်! ကိုယ်တောင်းပန်တယ်! ဟုတ်ပြီလား?!''

Love Pickles [Completed]Where stories live. Discover now