Part - 22 (Edited)

4.8K 507 12
                                    

Unicode

ရှောင်းကျန့်တစ်ယောက် သက်ပြင်းချကာ သူ့တက်နေတဲ့ တက္ကသိုလ်‌လျှောက်လမ်းတစ်လျှောက် လမ်းလျှောက်လာတယ်။ ရိပေါ်က အခုထိသူ့ကို date လုပ်ဖို့အတွက် မမေးသေးဘူး။ ရှောင်းကျန့် date ချင်နေပေမယ့် ရိပေါ်ကတော့ ဆန္ဒရှိရဲ့လား သူမသိဘူး။

ဒါပေမယ့် တစ်ချိန်တည်းမှာပဲ ရိပေါ်ကပဲ သူ့ရဲ့ အရာရာတိုင်းကို ဦးဆောင်နေတဲ့သူဖြစ်လို့ သူတို့နှစ်ယောက်လုံး တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ခံစားချက်တွေရှိနေတယ်ဆိုတာ ငြင်းစရာမလိုပါဘူး။

ရှောင်းကျန့်ဖုန်းကို ထုတ်ပြီး အချိန်ကိုတစ်ချက်ကြည့်လိုက်တယ်။ ေရှာင်းကျန့် အပျော်လွန်ပြီး စင်္ကြန်လမ်းပေါ်မှာ ထကချင်စိတ်ပေါက်သွားတယ်...ဒါပေမယ့် သူရပ်လိုက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ရိပေါ်က သူ့ကို လာခေါ်မယ်ဆိုပြီး စာပို့ထားတယ်..ပြီးတော့ ေရှာင်းကျန့် သူ့မှာ အရမ်းကောင်းတဲ့ရည်းစားရှိတယ်လို့ ခံစားရတာတောင် သူ့မှာ မပျော်ရွှင်နိုင်သေးဘူး။

ရှောင်းကျန့် ကေ​ျာင်းအပေါက်ဝကို မြန်မြန်လျှော​က်သွားပြီး ကားပါကင်ကို အပြေးလေးသွားကာ ရိပေါ်ရဲ့ကားကို ရှာလိုက်တယ်။ ကားကိုတွေ့လိုက်တာနဲ့ ကားဆီ အပြေးလေးသွားလိုက်တယ်။

ရိပေါ်က အတော်နာမည်ကြီးတဲ့ cele ဖြစ်တာကြောင့် သူ့ကားရဲ့ပြတင်းပေါက်မှန်တွေက အထဲကိုမမြင်ရဘဲ အတော်အတန်မှောင်နေတယ်။ သူပြတင်း​ပေါက်မှန်ကို ခေါက်လိုက်တော့ မှန်ဖြည်းဖြည်းချင်းကျလာတယ်။

ရိပေါ်က ရယ်ပြပြီး ရှောင်းကျန့်ကို ကားတံခါးlockဖွင့်ပေးလိုက်တယ်။ ရှောင်းကျန့် ကားထဲမြန်မြန်ဝင်ထိုင်ကာ ထိုင်ခုံခါးပတ်ပတ်လိုက်တယ်။ တစ်ခုခုကိုစောင့်နေသလိုပုံစံမျိုးဖြစ်နေတဲ့ ရိပေါ်ကို ရှောင်းကျန့်တစ်ချက်ကြည့်လိုက်တယ်။

ရှောင်းကျန့်ဇဝေဇဝါဖြစ်ပြီး ခေါင်းစောင်းပြီး ကြည့်လိုက်တယ်။

"ဘာ....ဘာလဲ?''

"....ဘာမှ မဟုတ်ပါဘူး..''

ရိပေါ်ရဲ့ကားလေးဟာ ကျောင်းဝင်းထဲကနေ စတင်ထွက်ခွာလာတယ်။

Love Pickles [Completed]Onde histórias criam vida. Descubra agora