Part - 9 (Edited)

5.1K 611 13
                                    

Unicode

ရိပေါ်  အိပ်ယာနိုးတာ မနက်ခင်းအစောပိုင်းဖြစ်သော်လည်း သူ့အခန်းထဲက လိုက်ကာအမည်းတွေက နေရောင်မထိုးနိုင်အောင် ကာပေးထားတယ်။ ရိပေါ်အိပ်ယာကနေထလိုက်တယ်။ သူ့ကိုယ်ပေါ်မှာ ဘောင်းဘီကလွဲပြီး ဘာမှ ဝတ်မထားဘူး။
ရိပေါ် သူရဲ့မနက်ခင်းပိုင်း ရိုးရှင်းတဲ့ ပုံမှန်လုပ်ရိုးလုပ်စဥ်တွေကို လုပ်ပြီးတာနဲ့ အောက်ထပ်ကို ဆင်းသွားလိုက်တယ်။ ဧည့်ခန်းကို ဖြတ်ပြီး ရယ်သံတွေကြားနေရတဲ့ မီးဖိုခန်းကို သွားလိုက်တယ်။
သူ့အရှေ့မှာမြင်နေရတဲ့ မြင်ကွင်းကို စိုက်ကြည့်နေမိတယ်။ ရှောင်းကျန့်က ရိရှောင်းကို လက်တစ်ဖက်နဲ့ ချီထားပြီးတော့ တစ်ဖက်က ပန်ကိတ် လုပ်နေတယ်။ ရိရှောင်းက သူ့ရဲ့ခေါင်းကို ရှောင်းကျန့်ပခုံးပေါ်မှီထားရင်း မူကြိုက အကြောင်းတွေကိုပြောနေတယ်။

"ပြီးတော့ အဲ့ကောင်မလေးက သားဆီလာပြီးတော့ သကြားလုံးပေးတယ်!!!!''
"ဝိုး....ရိရှောင်းက အရမ်းနာမည်ကြီးတာပဲ!!''

ရိပေါ်က သူ့အရှေ့ကမြင်ကွင်းကို ကျေနပ်စွာကြည့်ရင်း အသံနိမ့်ကာ တစ်ခစ်ခစ်ရယ်နေတယ်။

*ငါ့သားက ဘာလို့ မိန်းကလေးတွေအ‌‌ကြောင်းပဲ ပြောတာလဲ? နားထောင်ရတာ ရယ်စရာကောင်းတယ်*

ရှောင်းကျန့်ဒီဘက်လှည့်လာတော့ ထထိုင်ခုံ‌ပေါ် မှီထိုင်နေတဲ့ ရိပေါ်ကို တွေ့လိုက်ရတယ်။

"အော်..Morning! ရိရှောင်း ဒယ်ဒီ့ကို Morning လို့ပြောလိုက်ပါဦး"

"ဟင်?''

ရိရှောင်း သူ့မျက်လုံးတွေကို ပန်ကိတ်လုပ်နေတဲ့နေရာကနေခွာပြီး ဒီဘက်လှည့်ကြည့်လိုက်တော့ သူ့ဒယ်ဒီက သူ့ကို ပြုံးပြနေတာကို တွေ့လိုက်ရတယ်။ ရှောင်းကျန့်ကို အောက်ချပေးဖို့ပြောလိုက်တယ်။ အောက်ရောက်တာနဲ့ သူ့ဒယ်ဒီဆီ ပြေးပြီး လက်မောင်းနှစ်ဖက်ကြားထဲ ခုန်ဝင်လိုက်တယ်။

"Morning ဒယ်ဒီ!!Morning Kiss!!'' ရိရှောင် နှုတ်ဆက်ပြီး သူ့ဒယ်ဒီပါးကို နမ်းလိုက်တယ်။

"ဒီမှာကြည့် ဒယ်ဒီ! ရှာပူနဲ့ သားနဲ့ ပန်ကိတ်လုပ်နေတာ..ကြည့်! ကြည့်! ဒယ်ဒီက စတော်ဘယ်ရီကြိုက်တယ်လို့ ပြောထားဖူးလို့ ရှာပူက ဒယ်ဒီအတွက် စတော်ဘယ်ရီပန်ကိတ် လုပ်ပေးနေတာ.."

Love Pickles [Completed]Where stories live. Discover now