Part - 11 (Edited)

4.8K 581 7
                                    

This part has mature contents.
Read your own risk!!!

Unicode

ရိပေါ် အိမ်ပြန်ရောက်လာပြီ...။သူအရမ်းပင်ပန်းပြီး အိပ်ချင်နေပြီ။ ဧည့်ခန်းကို အရင်သွားကြည့်တဲ့အခါကျတော့ စောင်လေးတစ်ထည်ကို အတူတူခြုံပြီး အိပ်ပျော်နေတဲ့ ရှောင်းကျန့်နဲ့ရိရှောင်းကို တွေ့လိုက်ရတယ်။

ရိပေါ် သူ့အိတ်ကို အသာလေးချပြီး ရိရှောင်းကို ဖြည်းဖြည်းချင်းပွေ့ချီပြီးတော့ သူ့အိပ်ခန်းမှာ သွားသိပ်လိုက်တယ်။ ​ပြီးတော့ အောက်ပြန်ဆင်းလာပြီး ရှောင်းကျန့်ကို အသာလေး ပွေ့ချီလိုက်တယ်။

*သူက ငါထင်တာထက် ပေါ့သားပဲ*

ရှောင်းကျန့် မနက်မိုးလင်းလို့ ရိပေါ်ရဲ့ဘေးနားကနေ အိပ်ရာနိုးလာတာကိုမြင်ရင် အထူးအဆန်းတွေ တွေးနေမယ်ဆိုတာသိလို့ ရိရှောင်းရဲ့ အခန်းထဲကိုပဲ သွားပို့ပေးလိုက်တယ်၊ ကလေး​အိပ်တဲ့ အိပ်ရာဆိုပေမယ့် နှစ်ယောက်လောက် လုံလုံလောက်လောက် အိပ်လို့ရပါတယ်။

ရိပေါ် ဇက်ချိုးရင်း သူ့အိပ်ခန်းဆီကို သွားတယ်၊
ကုတင်ပေါ်မှာ ထိုင်ပြီးတော့ သူ့ex မိဘတွေနဲ့တွေ့ခဲ့တဲ့အကြောင်းကို ပြန်တွေးနေတယ်။

*ငါ့ကို ညလယ်ဘက်ထိနေခိုင်းဖို့ စဥ်းစားရဲတယ်..မယုံနိုင်စရာပဲ*

ရိပေါ် ငြီးငြူရင်း သူ့ခန္ဓာကိုယ်ကို အိပ်ရာပေါ် ပက်လက်လှန်ချလိုက်ပြီး မျက်နှာကျက်ကို စိုက်ကြည့်နေမိတယ်။ ဖုန်းသံက သူ့ကို အနှောင့်အယှက်ကြီးစွာပေးရင်း မြည်လာတယ်.. သူအိပ်ကပ်ထဲကနေ ဖုန်းကိုထုတ်ကြည့်လိုက်တယ်။

ဖုန်းခေါ်တဲ့သူနာမည်ကို ကြည့်မိတော့ အကြီးအကျယ်စိတ်ပျက်သွားတယ်...သူ့ရဲ့Ex.

"ဗုဒ္ဓေါ... သူက ဘာလုပ်ဖို့ခေါ်တာလဲ?'' ရိပေါ် စိတ်ကိုငြိမ်အောင်လုပ်ပြီး ဖုန်းကိုင်လိုက်တယ်..

"ဘာလဲ?''

^ဟင်...အသံက ဘာလို့ စိတ်တိုနေသလို ဖြစ်နေတာလဲ?'^

"ဘာလို့ဆို ငါရုတ်တရက်ကြီး ဖာဆန်တဲ့​သူနဲ့ စကားပြောနေရလို့ပဲ''

^ရှင့် ပါးစပ်ပိတ်လိုက်တော့! ကျွန်မအခုဆက်တာ ရိရှောင်း အမေလို့ခေါ်တာကြားချင်လို့'^

Love Pickles [Completed]Where stories live. Discover now