Part - 3 (Edited)

1.1K 59 2
                                    

Unicode

နောက်နေ့မနက်ရောက်တော့ Xiao Zhan  မီးဖိုချောင်မှာ YiXiao အတွက် နံနက်စာပြင်ဆင်နေတယ်။ Xiao Zhan မနက်စာ ပြင်ဆင်နေတုန်းမှာပဲ YiXiao တစ်ယောက် အိပ်ရာကနိုးလာတယ်။

အိပ်ရာနိုးလာတဲ့ YiXiao ဟာ ဆံပင်‌စုတ်ဖွားလေးနဲ့ ချစ်စရာကောင်းပြီး ရယ်စရာလည်းကောင်းနေတယ်။ YiXiao ဟာ အိမ်ကို အခန်းကို လှည့်ပတ်ကြည့်ရင်း Xiao Zhan ကို တွေ့တာနဲ့ အမြန်‌‌ပြေးပြီး ဖက်လိုက်တယ်။

"ဟေးး ကောင်လေးနိုးလာပြီလား... good morningပါ !!! ကိုကို့အိမ်က အရမ်းကျဉ်းနေလို့  တောင်းပန်တယ်နော် ။ ကိုကို့အိမ်မှာ Yi Xiao လေး ဘာမှဆော့လို့မရဘူးဖြစ်နေတယ်...''

"ရ...ရပါတယ် Xabu''

Xiao Zhan ခြေထောက်ကို ဖက်ထားတဲ့ YiXiao က အရမ်းချစ်ဖို့ကောင်းတယ်။

"ကလေးလေး ပန်ကိတ်နဲ့ ကြက်ဥမွှေကြော် လုပ်ထားတယ်၊ ကြိုက်တယ်မလား?''

"အမ်..ပန်ကိတ်က ဘာကြီးလဲ!!!ကြက်ဥကိုတော့ သားသိတယ်"

Xiao Zhan လုပ်လက်စကို ရပ်လိုက်ပြီး YiXiao ကို ငုံ့ကြည့်မိတယ်။

"..ပန်..ပန်ကိတ်က ဘာလဲဆိုတာကို မသိဘူးလား?''

"ဟင့်အင်း..ဒယ်ဒီက သားအမြဲတမ်း အသီးအရွက်တွေနဲ့ အသားနည်းနည်းပဲ ‌ကျွေးတာ‌။ တစ်ခါတစ်လေ ကြက်ဥတော့ စားရတယ်.. ပန်ကိတ်က မနက်စာအတွက်စားရတဲ့ဟာကို ပြောတာလား? သူတို့က ဘယ်လိုမျိုးလဲ Xabu? "

Xiao Zhan ပြုံးကာ YiXiao ကိုချီပြီး ထိုင်ခုံပေါ်တင်ပေးလိုက်တယ်။

"ပန်ကိတ်က ဒီလိုပုံစံလေ''

"ဝါးးး.. သူတို့်က ပေါင်မုန့်အပြားကြီးနဲ့တူတယ်..
အရမ်းအရသာရှိတယ်..''

--------------------------------------

"YiXiao... ကလေးလေးရဲ့ဒယ်ဒီ ခဏနေ လာလိမ့်မယ်နော်''

"ဟင့်အင်း..မလိုချင်ဘူး သားXabu နဲ့ပဲ နေမှာ"

Xiao Zhan သက်ပြင်းချမိတယ်။ မနက်စာစားပြီးသွားတော့ သူတို့နှစ်ယောက် ဇာတ်ကားကြည့်ကြတယ်။ Xiao Zhan က YiXiao ကို ပုံပြင်လေးတွေပြောပြတယ်။ နေ့လည်စာစားချိန်ရောက်တော့ Wang YiBo ‌ရောက်လာ‌တော့မယ်ဆိုတာကို Xiao Zhan ကြိုသိနေခဲ့တယ်။

Love Pickles [Completed]Waar verhalen tot leven komen. Ontdek het nu