Part - 10 (Edited)

5.2K 605 11
                                    

Unicode

ရိပေါ်ရဲ့မျက်နှာက လန့်နေတဲ့ပုံ။ ရှောင်းကျန့်ကတော့ ရိရှောင်းပြောတာကြားပြီး ကျယ်လောင်စွာ အော်ရယ်နေလေရဲ့......

"ခ..ခဏလေး...Sorry!ဒါ...ဒါက အရမ်း ရယ်စရာကောင်းလို့ပါ!''

ရှောင်းကျန့် ရယ်မောနေရင်း ထစ်ထစ်ငေါ့ငေါ့နဲ့ပြောတယ်။ ရိပေါ်နဲ့ ရိရှောင်းကတော့ ရှောင်းကျန့်တစ်ယောက် ရယ်ရင်းနဲ့ ကြမ်းပေါ် ထိုင်ချလိုက်တာကို ကြည့်နေကြတယ်။

"ရိရှောင်း!ကလေးလေး...ကိုကိုက ကိုယ်ဝန်မရနိုင်ဘူး''

ရှောင်းကျန့် ရိရှောင်းလေး သူ့လက်ထဲဆွဲယူလိုက်ပြီး နှုတ်ခေါင်းထိပ်လေးကို ဆွဲလိုက်လိုက်တယ်။

"အရူးလေး...ယောက်ျားလေးတွေက ကိုယ်ဝန်ဆောင်လို့မရဘူးလေ..''

"တ..တကယ်လား? ဒါ...ဒါဆို ကျီကျွင်း မာမီက ဘာလို့ ရတာလဲ? သူလည်း ယောက်ျားလေးပဲလေ!!''

ရိရှောင်းက နှုတ်ခမ်းစူပြီး မေးလိုက်တယ်။ ရှောင်းကျန့် အဖြေကိုစဥ်းစားနေပေမယ့် ခေါင်းထဲက ထွက်မလာဘူး၊ ကျီကျွင်းက ေမွးစားခံထားရတာတို့ ဒါမှမဟုတ် တခြားတစ်ယောက်ဆီကရတာတို့ဆိုတာမျိုး သူဖြေလို့မဖြစ်ဘူးလေ။

"အာ...အင်း...''

ရှောင်းကျန့် ရိပေါ်ကို လှမ်းကြည့်လိုက်တယ်။ ခုနက ထိတ်လန့်နေတဲ့သူက အခု စိတ်မဝင်စားဟန်နဲ့ ပခုံးတွန့်ပြတယ်။

*တကယ်ကြီး😮 !! မင်းက အကူအညီကိုမရဘူး ဝမ်ရိပေါ်*

"ပြီးတော့ ကျီကျွင်းက ပြောတယ် သူ့မာမီက သူ့ကိုမွေးပေးခဲ့တာတဲ့!''

"ဘာ? အဲဒါမဖြစ်နိုင်တာ...ဟုတ်တယ်မလား ရိပေါ်?''

"Uhh... အင်း၊ ရိရှောင်း အဲဒါက ကျီကျွင်းအထင်ပဲနေမှာပါ ဘာလို့်လဲဆိုတော့.......''

"ကျီကျွင်းမာမီဗိုက်ထဲမှာ ကလေးလေးလည်းရှိနေတယ်'' ရိရှောင်း သူ့ဒယ်ဒီစကားကို ဖြတ်ကာ ေအာ်ပြောပြီးတော့ ရှောင်းကျန့်လက်ထဲကနေ ထွက်လိုက်တယ်။

ရှောင်းကျန့် ရိပေါ်နားကို ကပ်သွားပြီ တိုးတိုးလေးပြောလိုက်တယ်၊၊

Love Pickles [Completed]Where stories live. Discover now