Part - 20 (Edited)

4.8K 526 7
                                    

Unicode

"ငါ...အင်း...ငါတို့လည်း ကောင်းပါတယ်''

ကျိရန်က ပြုံးပြီး ပြောလိုက်တယ်။ ဟောက်ရွှမ်း လည်း ပြုံးရုံသာပြုံးပြီး အဝေးကိုကြည့်နေတယ်။

"ရော့..ဒါကို လောလောဆယ် အဆာပြေအနေနဲ့ စားလိုက်။ မင်းရဲ့မန်နေဂျာက မင်းကို ညစာ နောက်မှ လာပို့လိမ့်မယ်''

ကျိရန်က ဟောက်ရွှမ်းကို အသီးပန်းကန်ပေးလိုက်တယ်။ ဟောက်ရွှမ်းက မချင့်မရဲကြည့်လိုက်တယ်..သူ့လက်နှစ်ဖက်လုံးက ပတ်တီးတွေနဲ့မို့။

"အာ....''

"အို့ ဟုတ်သားပဲ..ဒါဆို ငါကျွေးရမလား..မင်းအတွက် အဆင်မပြေတာမျိုး မဖြစ်ရင်‌ပေါ့..''

"မဖြစ်ပါဘူး...အဆင်ပြေပါတယ်..''

ကျိရန်ကဟောက်ရွှမ်းကို ဖြည်းဖြည်းချင်း ခွံ့ကျွေးတယ်..၊ သူတို့်ကြားက လေထုက ထူးဆန်းနေတုန်းပဲ။ ဟောက်ရွှမ်းအောက်ကို ငုံ့ကြည့်တော့ ကျိရန်ရဲ့ ဗိုက်ကို မြင်လိုက်ရတယ်။

"မင်း အိမ်မှာနေသင့်တာမဟုတ်ဘူးလား? အာ... တစ်မျိုးတော့မထင်ပါနဲ့..အဲဒါ မင်းက ကိုယ်ဝန်နဲ့ဆိုတော့ ဒီမှာအကြာကြီးရှိနေရင် ပင်ပန်းနေမယ်ထင်လို့ပါ...''

"အဆင်ပြေပါတယ်..၇လထဲတော့ရောက်​နေပြီ.. တစ်ခါတစ်လေ နာတာတွေတော့ရှိပေမယ့်..အဲဒါကလည်း ပုံမှန်ဖြစ်ရိုးဖြစ်စဥ်ပါပဲ..''

"ဟင်းးး..Due date ကရော?''

"ဇန်နဝါရီ ၁၀ရက်နေ့''

"အင်း..အဆင်ပြေပြေမွေးဖွားနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်..''

ဟောက်ရွှမ်း မဝံ့မရဲနဲ့ပြောပြီး လည်ချောင်းရှင်းလိုက်တယ်။ သူ့နှုတ်ခမ်းတွေ ပြုံးယောင်ယောင်နဲ့ တုန်ရီနေတယ်။

"ကျေးဇူး...မွေးလွယ်ဖို့ကိုတော့ တကယ်မျှော်လင့်တယ်..ကျွင်းလေးတုန်းက ၁၂ နာရီလောက်ကြာအောင် ကြိုးစားခဲ့ရတာ..ဒါက ပုံမှန်ပဲ..ငါကသာ တစ်ယောက်တည်းမို့ ပိုအခက်အခဲဖြစ်ခဲ့တာပါ..''

"အာ..''

ဟောက်ရွှမ်း သူ့အပြစ်မကင်းတဲ့ပုံစံနဲ့ ကျိရန်ကို ကြည့်ပြီး တုံ့ဆိုင်းဆိုင်းနဲ့ အဝေးကိုသာ ပြန်ကြည့်နေလိုက်တယ်။ ကျိရန်က သက်ပြင်းချပြီး ခေါင်းခါလိုက်တယ်။

Love Pickles [Completed]Where stories live. Discover now