Part - 7 (Edited)

5.6K 626 20
                                    

Unicode

"ရိရှောင်းလေး....!!!''

ရှောင်းကျန့် အိမ်ထဲကိုဝင်သွားတာနဲ့ နာမည်ကိုအော်ပြီး ရိရှောင်းဆီ ပြေးသွားလိုက်တယ်။ ရိရှောင်းကလည်း အော်ဟစ်ရယ်မောပြီးတော့ ရှောင်းကျန့်ဆီကိုခုန်ပေါက်ပြေးဝင်လာတော့ ရှောင်းကျန့်က ‌အလိုက်သင့်လေးပဲ ရိရှောင်းကို ဖမ်းပြီးချီလိုက်တယ်။

"ရှာပူ ရောက်လာပြီ...သား အရမ်းပျော်တာပဲ"

ရိပေါ်က သူတို့်ကိုကြည့်ပြီး သူ့သားပျော်နေတာကိုမြင်ရတော့ ကျေနပ်မိတယ်။ ရှောင်းကျန့်က ရိရှောင်းကို အောက်ချပေးလိုက်ပြီး မျက်လုံးက အိမ်ကို တစ်ချက်ဝေ့ဝိုက်ကြည့်လိုက်တယ်။

"ရိပေါ်... ဘာလို့ မင်းရဲ့အိမ်က ရှုပ်ပွနေရတာလဲ?"
"ဒယ်ဒီက သန့်ရှင်းရေးကောင်းကောင်းမလုပ်တတ်ဘူး..''
"အင်း... မြင်တာနဲ့သိနိုင်ပါတယ်...''

ရှောင်းကျန့် ရိပေါ်ဘက် လှည့်ကြည့်လိုက်ပြီးတော့...

"မင်းနဲ့မင်းသား အတူတူရှိနေတာ ကောင်းပါတယ် ဒါပေမယ့် သန့်ရှင်းရေး‌တော့ လုပ်ရမယ်လေ"
"အိမ်ဖော်တွေက လုပ်ပေးနေကျ!''
"မင်း သန့်ရှင်းရေး ဘယ်လိုလုပ်ရလဲဆိုတာ သိရောသိရဲ့လား!? "
"မသိဘူး...ငါက ငါ့အတွက် အရာရာအဆင်သင့်ဖြစ်အောင်လုပ်ပေးနိုင်တဲ့ မိသားစုကနေ မွေးဖွားလာတာ...''

ရှောင်းကျန့် နားထင်ကို အသာလေးကုတ်ရင်း ရိရှောင်းဘက်ကြည့်ကာ ပြုံးပြလိုက်ပြီး ရိရှောင်းနဲ့တစ်တန်းတည်းဖြစ်အောင် ထိုင်လိုက်တယ်။

"ရိရှောင်း...သား ရှာပူကို သန့်ရှင်းရေးလုပ်ဖို့ ကူညီပေးနိုင်မလား?''
"ဟမ်...''

ရိရှောင်း သူ့မေးစေ့လေးပွတ်ပြီး စဥ်းစားခန်းဝင်နေတယ်။ သူလည်းတစ်ခါမှ သန့်ရှင်းရေး မလုပ်ဖူးဘူးလေ...

"တကယ်လို့ သန့်ရှင်းရေးလုပ်ဖို့ ကူညီပေးမယ်ဆိုရင် သားက လူလိမ္မာလေးပါလားလို့ ချီးကျူးခံရမှာ...''

ရိရှောင်းရဲ့ မျက်လုံးလေးတွေ တလက်လက်ဖြစ်သွားတယ်..

"အင်းးး...အရမ်း အရမ်းကြည့်ကောင်းပြီး လိမ္မာတဲ့ လူလေး ဖြစ်မှာ...''

Love Pickles [Completed]Where stories live. Discover now