Part - 13 (Edited)

4.9K 563 12
                                    

A Little Warning

Unicode

ကျီကျွင်းနဲ့ ရိရှောင်း ကစားခန်းထဲမှာ သူတို့ရဲ့ကစားစရာ‌တွေနဲ့ ကစားနေတာကို ကြည့်ပြီး ရှောင်းကျန့်ပြုံးလိုက်တယ်။

ရှောင်းကျန့် ဒူးကို လက်နဲ့ပိုက်ကာ မျက်စိမှိတ်ထားတယ်။

*ရွှမ်းကောက ​ကျိရန်ကို ဘာကြောင့်ထားခဲ့ရတာလဲ..? ...သူက အလုပ်များတဲ့အနုပညာရှင်ဆိုတာ သိပါတယ်..ဒါပေမယ့် သူ ကျိရန်နဲ့ သူရဲ့သမီးအရင်းကို စွန့်ပစ်ခဲ့ရသလား?*

ရှောင်းကျန့် သူ့ရဲ့နောက်ကနေ တံခါးခေါက်သံကြားလို့ ထခုန်လိုက်တယ်။

"ကလေးတွေ... မုန့်ရပြီ''

"ေရးးးးးး''

ရိရှောင်းနဲ့ ကျီကျွင်း တစ်ပြိုင်နက် အော်လိုက်တယ်။ ကလေးနှစ်ယောက် ရိပေါ်ခြေထောက်အောက်နေ လျှိုဝင်ကာ မုန့်စားဖို့ပြေးသွားတာကိုကြည့်ပြီး ရှောင်းကျန့်ရယ်နေတယ်။

"မင်း ဘာဖြစ်နေတာလဲ? ခါတိုင်းနဲ့မတူဘဲတိတ်ဆိတ်နေပါလား?'' ရိပေါ်ပြောပြီး ရှောင်းကျန့်ရဲ့ဘေးမှာ ဝင်ထိုင်လိုက်တယ်။ ရှောင်းကျန့် ဒူးခေါင်းပေါ် မေးစေ့တင်ထားရင် ပခုံးတွန့်ပြလိုက်တယ်။

"ငါ့ခေါင်းထဲမှာ စဉ်းစားစရာ အကြောင်းအရာတွေ အများကြီးပဲ...''

"ငါက မင်းခေါင်းထဲမှာ အမြဲတမ်း ဘာမှမရှိဘူးလို့ပဲ ထင်နေခဲ့တာ...''

"ဘယ်သူ့ကိုပြောနေတာလဲ!''

ရှောင်းကျန့် ရိပေါ်ရဲ့ ပခုံးကို ရိုက်ရင်းနဲ့ ေအာ်လိုက်တယ်။ ရိပေါ်  ​ေရှာင်းကျန့်ရဲ့ ရိုက်နေတဲ့ လက်ကောက်ဝတ်ကို ကြည့်ရင်း ရယ်နေတယ်။

"ဒါပေမယ့် တကယ်မေးတာ..မင်းစိတ်ထဲ ဘာတွေဖြစ်နေတာလဲ?''

ရှောင်းကျန့် သူ့လက်ကို ဖြည်းဖြည်းချင်း ပြန်ဆွဲယူလိုက်ပြီး သက်ပြင်းချတယ်။

"ငါ.....မင်းရဲ့ရည်းစားဟောင်းမှာ ကိုယ်ဝန်ရှိတယ်ဆိုတာ သိလိုက်ရတော့ မင်း သူ့ကို ထားခဲ့ဖို့ စဥ်းစားမိဖူးလား?''

"မစဥ်းစားဖူးဘူး...အဲ့ဒါက ပျော်ရွှင်တဲ့မိသားစုဘဝကိုဖန်တီးနိုင်ဖို့ အခွင့်အရေးလို့ မြင်ခဲ့တာ။ ငါက နာမည်ကြီးတစ်ယောက်ဖြစ်ပေမယ့် ကင်မရာတွေရဲ့နောက်မှာတော့ သာယာပျော်ရွှင်တဲ့ မိသားစုဘဝတစ်ခုကို လိုချင်နေခဲ့တာ။ ဒါပေမယ့် သူက သစ္စာဖောက်ပြီး ရိရှောင်းနဲ့ငါ့ကို ထားခဲ့တယ်..''

Love Pickles [Completed]Where stories live. Discover now