Part - 15 (Edited)

4.9K 536 12
                                    

This part contains sexual terms.

Unicode

ကျိရန်တို့ကို အတူတူတွေ့ရပြီး ေပျာ်ရွှင်စရာ မိသားစုတစ်ခုလို ​မြင်တွေ့နေရတာ သူ့အတွက်​ေတာ့ ထူးဆန်းတယ်။ သူ့ဆီမှာ ကျိရန်အတွက် ခံစားချက်တွေမရှိတော့ဘူးဆိုတာ သိပေမယ့် ကျိရန်အကြောင်းကြားတိုင်း ကျိရန်ကို မြင်တိုင်း ဟောက်ရွှမ်း သူ့နှလုံးသားက နာကျင်ရတယ်။

ဟောက်ရွှမ်း ကျိရန်တို့နဲ့ ပျော်ရွှင်စွာ စကားပြောနေတဲ့ ရှောင်းကျန့်ကို တစ်ချက်လှမ်းကြည့်လိုက်တယ်။

*ထူးဆန်းတယ် ၊ ငါ သူ့အတွက်ကျတော့ ဘာမှမခံစားရဘူး*

စားပွဲထိုးတစ်ယောက်က သူ့ကို ကျိရန်တို့နားက စားပွဲတစ်ခုကို ခေါ်လာတယ်။ သူ ကျိရန်တို့ပြောနေတဲ့စကားတစ်ချို့ကို ကြားလိုက်ရတာ သူ့သွေးတွေကို အေးခဲသွားစေတယ်။

"ဝိုးးး...ဒါဆို ကောတို့နှစ်ယောက်က တွဲနေကြတာပေါ့''

ရှောင်းကျန့်ကအော်ဟစ်လိုက်ပြီး ပျော်ရွှင်စွာလက်ခုပ်တီးလိုက်တယ်။ ကျိရန်က  ဘိုဝမ့်ကိုပြုံး​ပြပြီး လက်ကိုဆုပ်ကိုင်တယ်။

"သမီး ဖေဖေနဲ့မေမေ့ကို ချစ်တယ်''  ကျီကျွင်းက ရှက်ရွံ့စွာပြောပြီး သူ့လက်ချောင်းတွေနဲ့ဆော့နေတယ်။ ရှောင်းကျန့် တခစ်ခစ်နဲ့နေတယ်။ ကျီကျွင်းက တကယ့်ကို နတ်သမီးလေးလိုပဲ။ အသံအကျယ်ကြီးမပြောဘူး မာနကြီးတယ် ၊ ဟောက်ရွှမ်းနဲ့ တော်တော်တူတယ်။ ချစ်စရာကောင်းပြီး တလက်လက်တောက်ပနေတဲ့ မျက်လုံးလေးတွေ၊ ပါပါးဖောင်းဖောင်းလးတွေ စူထော်နေတဲ့ နှုတ်ခမ်းလေးနဲ့။

*ဘာ....သူဘာပြောလိုက်တယ်? ဘိုဝမ့်ကို ချစ်တယ်တဲ့လား?*

"အာ..သောက်စရာတစ်ခုခုယူဦးမလားခင်ဗျာ..''
စားပွဲထိုးက ယဥ်​ကျေးစွာမေးတယ်။ ဟောက်ရွှမ်းလက်ကတုန်နေပြီး menu စာအုပ်ကို ယူလိုက်တယ်။

"လိုအပ်တာရှိရင် ခေါ်လိုက်ပါခင်ဗျ''

"ဟုတ်ကဲ့..''

ေဟာက်ရွှမ်း သက်ပြင်းချလိုက်ပြီး သူ့မျက်နှာကို စိတ်ပျက်ပျက်နဲ့  ပွတ်လိုက်သည်။ ကျိရန်နဲ့ ဘိုဝမ်တို့ တစ်ယောက်နဲ့တစ်ယောက် အရမ်းချစ်​ေနတာကို မြင်ရတာကို သူဘာကြောင့်နာကျင်နေရတာလဲ။ အဲဒါ​တွေက သူ ကျိရန်ရဲ့ဘေးနားမှာရှိနေခဲ့တဲ့အချိန်တွေကို ပြန်သတိရစေတယ်။

Love Pickles [Completed]Where stories live. Discover now