Part - 17 (Edited)

5.1K 492 12
                                    

This part contains sexual terms.
Read at your own risk.

Unicode

ရှောင်းကျန့် ရိပေါ် ကိုအိပ်ရာပေါ်မှာစောင့်​နေပြီးသူ့အင်္ကျီရဲ့အစွန်းကိုစိတ်လှုပ်ရှားစွာနဲ့ဆုတ်‌ချေနေတယ် ။ နောက်ကျနေပြီဖြစ်တာကြောင့် ရိပေါ်က ရိရှောင်းကို အိပ်ခိုင်းဖို့လုပ်နေတယ်။ ပြီးတော့ ရှောင်းကျန့်ကို သူ့ကုတင်ပေါ်မှာ စိတ်ရှည်ရှည်နဲ့စောင့်ဖို့ ပြောခဲ့တယ်။

*..ရိပေါ်က ဦးဆောင်တဲ့နေရာမှာ တော်တော်လေးတော်တယ်...သူ ကြမ်းတမ်းနေတဲ့ပုံကို ငါသဘောကျတယ်..*

ရှောင်းကျန့် သူ့အ‌တွေးကိုသူအနည်းငယ်အံ့ဩမိသွားတယ်။ ဒါပေမယ့် တစ်ချိန်တည်းမှာပါပဲ ရိပေါ်နဲ့ဆက်ဆံတဲ့အခါ ဘယ်လောက်ကောင်းအောင် ခံစားရမလဲဆိုတာကို သိချင်နေတယ်။

*ငါရူးနေပြီထင်တယ်..ငါ ရိပေါ်ကို ချစ်နေပြီ...ပြီးတော့ သူနဲ့ sex လုပ်မယ်..Oh Noooo..*

ရှောင်းကျန့်အတွေးတွေနဲ့ ဗျာများနေမိတယ်။

*သူက နမ်းတာကောင်းတယ်..ဒါဆို အိပ်ရာ​ေပါ်မှာလည်း ကောင်းမှာပဲ၊ အိပ်ရာပေါ်မှာ အရမ်းမကြမ်းဖို့တော့ မျှော်လင့်တယ်၊ ဒါ ငါ့ရဲ့ပထမဆုံးအကြိမ်လေ၊ ဘုရားရေ ငါဘာလုပ်သင့်လဲ? ထွက်ပြေးရမလား!!*

ရှောင်းကျန့် အခန်းတံခါးနားကို နီးလာတဲ့ခြေသံကိုကြားတော့ တွန့်သွားတယ်။တံခါးလက်ကိုင်ဘု လည်ပြီး တံခါး တဖြည်းဖြည်းပွင့်လာတာကိုကြည့်ပြီး တံတွေးမျိုချမိတယ်။ အင်္ကျီကြယ်သီး သုံးလုံးဖြုတ်ထားတဲ့ ရိပေါ်ကို မြင်တော့ ရှောင်းကျန့်နှလုံးခုန်သံတွေ မြန်လာတယ်။

ရိပေါ် တံခါးကို ပိတ်ပြီး lock ချလိုက်တယ်။ ရိပေါ် သူ့ရဲ့မူပိုင် နှုတ်ခမ်းတစ်ခြမ်းစောင်းအပြုံးကြီးပြုံးကာ အိပ်ရာဘက်ကို ဖြည်းဖြည်းချင်း ​လျှောက်လာတယ်။ ရှောင်းကျန့်က နောက်ကို တရွတ်တိုက်ပြန်ဆုတ်သွားရင်း ပြေးစရာနေရာမရှိတော့ဘဲ ကုတင်ခေါင်းရင်းနဲ့တိုက်သွားတယ်။

"ကိုယ် ရိရှောင်းကို သိပ်လိုက်ပြီ၊ ကလေးက နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်ပျော်သွားပြီ၊ ဒါ့ကြောင့် ကိုယ်တို့တွေ တစ်ညလုံး အချိန်တွေအများကြီးရတယ်''

Love Pickles [Completed]Место, где живут истории. Откройте их для себя