စာအမြည်း

43.2K 1.9K 79
                                    

မှောင်မိုက်သော မြေအောက်ခန်းတစ်ခုတွင် တဆတ်ဆတ် တုန်ရီနေသော ညည်းညူသံတစ်ခု ထွက်ပေါ်နေသည် ။

လက်နောက်ပြန်ကြိုးတုပ်ခံထားရကာ ကြမ်းပြင်ပေါ်တွင် ဒူးထောက်ကျလျှက်ရှိသော ထိုလူ၏ ခန္ဓာကိုယ်တွင် သွေးများ မြင်မကောင်းအောင် ပေပွနေလျှက်ရှိပြီး တစ်ကိုယ်လုံး ရစရာမရှိအောင် ရိုက်နှက်ခံထားရလေသည် ။ သေလုမြောပါးဖြစ်နေသော အခြေအနေအတွင် ထိုလူမှာ ခေါင်းထောင်နိုင်စွမ်းပင် မရှိတော့ပဲ မျက်နှာက အောက်သို့ ငုံကျနေ၏ ။ ခဏအကြာတွင် ထိုမျက်နှာအား ပြောင်လက်တောက်ပနေသော ရှုးဖိနပ်ထိပ်တစ်ခုက မေးမှနေ ပင့်မြှောက်လိုက်လေသည် ။

မျက်လုံးတစ်ဖက်မှာ ဖွင့်မရအောင် ဖူးယောင်နေသော်လည်း အကောင်းအတိုင်းရှိနေသော တစ်ဖက်က ထိုလူ၏ မြင်ကွင်းများကို ရှင်းလင်းစေသေးသည် ။

လူတစ်ယောက် ။ သူ့ရှေ့တွင် ထိုင်ခုံတစ်လုံးပေါ်၌ ခြေချိတ်ထိုင်ကာ သူ့မေးဖျားကို ဖိနပ်ထိပ်နှင့် ပင့်တင်ထားသူ ။ ထိုင်ခုံလက်ရန်းပေါ်တွင် တံတောင်တင်၍ ရင်ဘတ်ရှေ့တွင် ယှက်သွယ်ထားသော လက်ချောင်းများက သန်မာရှည်လျားလျှက် အကြောများထလျှက် ရှိသည် ။ ထိုလက်များသည် အရက်စက်ဆုံး လုပ်ရပ်များ လုပ်ရမည်ကိုပင် ဝန်မလေးမည့်ပုံပေ ။

" ငါလောကကြီးမှာ အမုန်းဆုံးက ဘာလဲသိလား "

သြရှရှ အေးစက်စက်လေသံသည် အပေါ်စီးမှ ကြည့်နေသော မျက်ဝန်းတစ်စုံနှင့်အတူ တွဲဖက်လျှက် ထွက်ပေါ်လာသောအခါ အေးစက်မှောင်မိုက်နေသော ပတ်ဝန်းကျင်ကို ပို၍ ခြောက်ခြားဖွယ်ရာ ကောင်းသွားစေသည် ။

" လိမ်ညာတာရယ်...ကတိမတည်တာရယ် "

ထိုလူသည် မိမိ၏အဆုံးသတ်မှာ သေတာထက်ပင် ပိုဆိုးသွားနိုင်ကြောင်း သိရှိလိုက်ရပြီးနောက် အကြောက်တရားများက ခေါင်းတစ်ခုလုံးကိုတောင် ကျင်တက်လာစေခဲ့သည် ။

သူသည် ခွေးတစ်ကောင်လို ဝပ်တွားခယလျှက် ထိုလူ၏ ခြေထောက်အား ဦးခေါင်းဖြင့် ထိကပ်ကာ အကြိမ်ကြိမ်အခါခါ အသနား ခံမိတော့သည် ။

" တောင်းပန်ပါတယ် ! တကယ်တောင်းပန်ပါတယ် !
အခွင့်ရေး တစ်ကြိမ်လောက်ပဲထပ်ပေးပါ !
တစ်လ... မဟုတ်ဘူး လဝက်လောက်ပဲ အချိန်ပေးပါ !
ကျွန်တော် အဲ့ငွေတွေကို အသက်နဲ့ရင်းပြီး မရ ရအောင်ပြန်ဆပ်ပါ့မယ် ! ကျေးဇူးပြုပြီး Boss "

This Mafia Fall In You [ ဒီမာဖီးယားကတော့ မင်းဆီမှာ ကျဆုံးသွားပြီ ]Where stories live. Discover now