အပိုင်း ၁

26.4K 1.8K 76
                                    

အပိုင်း ၁ [ Unicode Version ]

ကျောင်းဆင်းချိန်မို့ လူများ စည်ကားသွားလာလျှက်ရှိသော ဆေးကျောင်းတော်ကြီး၏ ရှေ့တွင် ထည်ဝါလှသော အရှိန်အဝါနှင့် ကားနက်နှစ်စီးထိုးရပ်သွားသည် ။

ပထမကားတစ်စီးထဲမှ အပြင်ဘက်သို့ ခြေချလာသော ခြေတံရှည်တစ်ဖက်သည် ပြောင်လက်နေသော အနက်ရောင် ရှုးဖိနပ်ကို ဝတ်ဆင်ထား၏ ။ တစ်ကိုယ်လုံး ကားထဲမှ ထွက်လာချိန်တွင်ကား သာမာန်လူများ အားလုံးကိုပင် သေးသိမ်သွားစေနိုင်သော ကြံခိုင်မှုမျိုးနှင့် အမျိုးသားတစ်ဦး ထွက်လာလေသည် ။

ထိုသူ၏ မျက်နှာမှာ တည်တည်တင်းတင်း ။ မဲနက်၍ ထူနေသော မျက်ခုံးတန်းများက အရှိန်အဝါတစ်ခုကို ပေးစွမ်းနေသလို ဘယ်ဘက် မျက်လုံး ထောင့်စွန်းနားတွင် အထက်မှအောက်သို့ ကန့်လန့်ဖြတ် တည်ရှိနေသော အမာရွတ်တစ်ခုက ကြောက်မက်ဖွယ်ရာ တည်ရှိနေသည် ။ သို့သော် ထိုအမာရွတ်က ထိုလူ၏ အဆမတန်ချောမောမှုတို့ကိုတော့ ပျက်ယွင်းသွားစေနိုင်စွမ်းမရှိ။

ရင်အုံမှနေ၍ လည်ပင်းစပ်ထိ တစ်လျှောက်ထိုးထားသော မြွေပုံ Tattoo က ယခုအခါ အစေ့တပ်ထားသော အင်္ကျီကြယ်သီးများကြောင့် ဖုံးကွယ်နေသည် ။ ကြီးမားကျယ်ပြန့်လွန်းသည့် ရင်အုပ်ကြောင့် Suit အောက်တွင် တစ်ထပ်ဝတ်ထားသော ရှပ်လက်ရှည် အဖြူက အတိုင်းသား တင်းကျပ်နေ၏ ။

အတတ်နိုင်ဆုံး Mafia ဂိုဏ်းခေါင်းဆောင်ဆိုသော အရှိန်အဝါထက် လူကြီးလူကောင်းတစ်ယောက်ပုံဖြစ်အောင် ကြိုးစားလာခဲ့သော်လည်း ထွက်ပေါ်နေသော လူမိုက်အငွေ့အသက်တွေက အချည်းအနှီး ဖြစ်စေပုံပင် ။

သူ့နောက်မှ တစ်ပြုံလိုက် ကားတစ်စီးနှင့် လိုက်နေကြသော ကတုံးဆံတောက်များကိုလည်း သူ ပ မထုတ်နိုင် ။ မကြာသေးမီက ဖြစ်ပျက်ခဲ့သော ထိခိုက်မှုတစ်ခုကြောင့် သူတို့ Boss ကို အစိုးရိမ်လွန်နေကြသည် ။

အဲ့တော့ လွှတ်ထားရုံမှ အပ မရှိနိုင်တော့ပဲ ဒီလိုပုံနှင့် ဆေးကျောင်းရှေ့ ရောက်လာရ၏ ။

မကြာမီပင် ဂျူတီကုတ်လေးကို ချွတ်ကာ လက်မှာ ချိတ်လာသော ကောင်ငယ်လေးသည် သခွားစိမ်းရောင် တီရှပ် ပေါ့ပေါ့ပါးပါးလေးနှင့် ကျောပိုးအိတ်လေးလွယ်လျှက် ကျောင်းဝန်းထဲမှ ထွက်လာလေသည် ။ ထိုကောင်လေးကို မြင်မြင်ချင်း Park Chanyeol ၏ နှုတ်ခမ်းစွန်းတို့ အနည်းငယ် ကျေနပ်သယောင် ကော့တက်ကုန်ရ၏။

This Mafia Fall In You [ ဒီမာဖီးယားကတော့ မင်းဆီမှာ ကျဆုံးသွားပြီ ]Where stories live. Discover now