အပိုင်း ၈

13.1K 1.2K 56
                                    

အပိုင်း ၈ [ Unicode Version ]

Chanyeol oversea သွားနေတဲ့ 2 ရက်မှာ Baekhyun ရဲ့တစ်နေ့တာ လုပ်ငန်းဆောင်တာတွေက သာမန်ရိုးကျစွာ တစ်ယောက်တည်း ဖြစ်လို့နေတယ် ။ ဒါက ပတ်ဝန်းကျင်က မြင်နိုင်တဲ့အမြင်ပေါ့ ။

ဒုံဒယ်မွန် စျေးတန်းအပြင်ဘက်က သစ်သီးဆိုင်တွေမှာ Baekhyun လိမ္မော်သီး အနည်းငယ် ရွေးယူနေရာကနေ မသက်မသာ သက်ပြင်းမောလေး ချလိုက်မိပါရဲ့ ။

" သူတို့ အဲ့လိုပုန်းကွယ်ပြီး လိုက်နေလည်း တကယ်ငါမရိပ်မိလောက်ဘူးလို့ထင်နေတာများလား "

Baekhyun ဟာ တစ်ယောက်တည်း တိုးတိုးလေး ရေရွတ်လိုက်ပြီး နောက်ကနေ နေရာမျိုးစုံမှာ ကွယ်ဝှက်ပုန်းလို့ စုံလျှောက်လိုက်နေတဲ့ ကတုံးတစ်အုပ်ကို လျစ်လျူရှုထားလိုက်တယ် ။

သူအဝေးရောက်နေချိန်တိုင်း ခုလိုစိတ်မချပဲ သူ့လူတွေ အုပ်လိုက်ကြီးကို Baekhyun နောက် လျှောက်လိုက်ခိုင်းထားမယ်ဆိုရင်တော့ သူကိုယ်တိုင် Baekhyun အနားရှိနေတာကပဲ ပိုကောင်းပါတယ်လေ ။ Baekhyun ဒီနှစ်ရက် မြန်မြန်ကုန်ပြီး Chanyeol သူ့အနားကို ပြန်ရောက်လာဖို့ ဆုတောင်းမိတယ် ။ 

Baekhyun ငွေရှင်းပြီးတဲ့နောက် လိမ္မော်သီးအိတ်လေးကို ဆွဲပြီးပြန်လှည့်လိုက်တော့ ရုတ်တရက်မို့ ချောင်းနေတာပေါ်သွားတဲ့ ကတုံးတစ်ကောင်ဟာ မလုံမလဲနဲ့ ဘေးက တွေ့တဲ့ကလေးကို သွားချော့မြှူနေတော့တာပဲ ။

4 နှစ်အရွယ်လောက်ရှိတဲ့ ကလေးလေးကတော့ အာတာပူစီတစ်လုံးကို လက်ကကိုင်ထားရင်း သူ့ကို လူဆိုးကြီးဖမ်းသွားတော့မယ် အထင်နဲ့ အမေ့ဆီငိုပြီး ပြေးတိုင်တော့တယ် ။

Baekhyun ရယ်ရ အခက် ၊ ငိုရအခက် ဖြစ်သွားရတယ် ။ အရင်ဆုံး သူ့နောက်က ခိုးပြီး နောက်ယောင်ခံလိုက်မယ်ဆို အဲ့ Suit တွေရယ် ၊ နောက်ပြီး သူတို့ ကတုံးပေါ်ထက်ကို တစ်ခုခု ဆောင်းလာသင့်တာမဟုတ်ဘူးလား ။

တိုက်ဖို့ ခိုက်ဖို့ကလွဲပြီး ဒီလိုကိစ္စတွေမှာ ဥာဏ်နည်းလွန်းတဲ့ မာဖီးယား ဂိုဏ်းသားကြီးတွေကို Baekhyun ဘာပြောရမယ်မှန်းတောင် မသိဘူး ။ သူမသိချင်ယောင်ဆောင်ပေးထားဖို့ပဲ ရှိတော့တယ် ။ ဘယ်လိုပဲဖြစ်ဖြစ် နည်းနည်း အနေကျဥ်းကျပ်တာ မှန်ပေမယ့် နောက်က လိုက်နေတဲ့အဖော်တွေ ရှိတယ်ဆိုတဲ့စိတ်က သက်သာရာတော့ ရစေတယ်လေ ။

This Mafia Fall In You [ ဒီမာဖီးယားကတော့ မင်းဆီမှာ ကျဆုံးသွားပြီ ]Where stories live. Discover now