အပိုင်း ၁၆

9.4K 1K 41
                                    

အပိုင်း ၁၆ [ Unicode Version ]

Korea နဲ့ USA ရဲ့ flight time ဟာ 16 နာရီနီးပါး ကြာမြင့်တယ်ဆိုတာကိုလည်း Baekhyun မသိတာမဟုတ်ဘူး ။

ဒါပေမယ့် တစ်နေကုန် မရွှင်မပျဖြစ်နေတဲ့စိတ်က ညဘက် ဖုန်း​ပြောနေကျ အချိန်မှာ ဆက်သွယ်မှု တစ်ခုမှ မရတော့ ပိုပြီး ဆိုးရွားလာတယ် ။ ပုံမှန်အတိုင်း ညအတော်နက်နက်ထိ စာလေ့လာနေခဲ့ပေမယ့် အချိန်တွေသာ ကုန်ဆုံးသွားတယ် သူ့ခေါင်းထဲကို စာတစ်လုံးမှ မ​ရောက်လိုက်ဘူး ။

Buzz Buzz

အတွေးလွန်ပြီး ငူငူငိုင်ငိုင် ထိုင်နေမိတုန်းမှာပဲ တုန်ခါလာတဲ့ ဖုန်းကြောင့် Baekhyun သတိလက်လွတ် တစ်ချက်ဝမ်းသာမိသွားပေမယ့် ဆက်သွယ်လာတဲ့သူက Yixing ဖြစ်နေခဲ့တယ် ။

ဟုတ်သားပဲ ၊ ဒီအချိန်လောက်နဲ့ လေယာဥ်တောင် ဆိုက်ဦးမှာမဟုတ်သေးဘူးလေ

Baekhyun စိတ်မသက်သာစေတဲ့ အတွေးတွေကို အနည်းငယ်ဖြေလျှော့ချလိုက်ပြီး ဖုန်းကို ကိုင်လိုက်တော့ စာဂျပိုး Xing ဆီကနေ အလျင်စလိုနိုင်တဲ့ စာမေးခွန်းတွေ ဆက်တိုက်ထွက်ကျလာတယ်။

စိတ်ကို မနည်းပြန်စုစည်းထားလိုက်ပြီး Yixing မေးတဲ့ အကြောင်းအရာတွေကို သူ့ Note တွေထဲကနေ ပြန်ရှာပြီး ပြောပေးလိုက်ပေမယ့် Baekhyun အသံဟာ သိပ်မတက်ကြွလှဘူး ။ Yixing ကလည်း အဲ့ဒါကို ရိပ်မိတဲ့ပုံပဲ ။

" မင်း တစ်ခုခုဖြစ်နေတာလား
အသံအနေအထားက သိပ်မကောင်းဘူးနော် "

မေးစရာရှိတဲ့ စာတွေအကုန်လုံးမေးပြီးသွားတဲ့အခါ Yixing ဖုန်းကို မချပစ်သေးဘဲ စာလုပ်ရင်းတစ်ဖက်နဲ့ Baekhyun ကို စကားနှိုက်လာတယ် ။

Yixing နဲ့သူနဲ့ကြားမှာ အချစ်ရေးနဲ့ သက်ဆိုင်မယ့် စကားဝိုင်းတစ်ခုရှိလာလိမ့်မယ်လို့ Baekhyun ဘယ်တုန်းကမှ မတွေးထားခဲ့ဖူးဘူး ။ ဒါပေမယ့် ဒီနေ့တော့ အဖြေကိုရှောင်လွှဲသွားလိုက်တာထက် အမှန်အတိုင်း ဝန်ခံလိုက်တာက သူ့အတွက် နည်းနည်း စိတ်သက်သာရာ ရစေမလားပဲ ။

အတွေးနဲ့အတူ Baekhyun စာလုပ်နေတာကို ခဏရပ်ထားလိုက်ပြီး ထောင်ထားတဲ့ ဒူးလေးနှစ်ချောင်းကို လက်နဲ့ပိုက်လို့ ဖုန်းကို နားနားကပ်ထားလိုက်တယ် ။

This Mafia Fall In You [ ဒီမာဖီးယားကတော့ မင်းဆီမှာ ကျဆုံးသွားပြီ ]Where stories live. Discover now