အပိုင်း ၃၀

12.5K 1.1K 112
                                    

အပိုင်း ၃၀ [ Unicode Version ]

" လူနာကို Wheelchair နဲ့ခေါ်ခဲ့ပါနော်
Drip ကိုပါ မဖြုတ်ဘဲ ယူခဲ့ပါ "

ခွဲစိတ်ရမယ့်မနက်ခင်းမှာတော့ သူနာပြုမလေးတစ်ယောက် လာအသိပေးပြီးတာနဲ့ Chanyeol ချစ်ရသူလေးရဲ့ လက်သေးသေးလေးတွေကို ဆုတ်ကိုင်ပြီး ဖွဖွလေးပြုံးပြလိုက်တယ်။

အခန်းအတွင်းနဲ့ အပြင်မှာစောင့်ပေးနေကြတဲ့ ဂိုဏ်းသားတွေကပါ အခန်းထဲကို Wheelchair အသင့် တွန်းယူပေးလာတာမို့ Chanyeol ကုတင်ပေါ်က ကိုယ်လုံးသေးသေးလေးကို ပွေ့ပြီးချီယူလိုက်တယ် ။

" မကြောက်နဲ့နော် "

" မကြောက်ပါဘူးဗျာ "

Baekhyun က ပြောရင်း ရယ်ကျဲကျဲလေးနဲ့ သူ့ကတုံးပြောင်လေးကို ပွတ်တော့တာပဲ ။ ရှက်လွန်းလို့ မနေ့ညကတစ်ညလုံး သိုးမွေးဦးထုပ်လေးတစ်ခု မချွတ်တမ်းဆောင်းထားတဲ့ကောင်လေးကြောင့် မာဖီးယားကြီးခမျာ အိပ်တော့မှ ခိုးနမ်းရရှာတယ်။

သူက ဒီကတုံးလေးကို ချစ်လွန်းပြီးအူယားနေရသလောက် ကာယကံရှင်ကတော့ အရှက်သည်းနေလိုက်တာများ။

" ဆက်တိုက်ကို ပွတ်နေတော့တာပဲ
အဲ့လောက်တောင် ရှက်နေတာလား "

Wheelchair ပေါ် အသာအယာလေးနေရာချပေးလိုက်ရင်း မေးတော့ ' မရှက်ဘဲနေမလား ' ဆိုတဲ့ အဓိပ္ပါယ်လေးနဲ့ မျက်စောင်းနုနုလေးထိုးတယ် ။ Chanyeol ကတော့ ခပ်ဟဟ မပွင့်တပွင့်ရယ်ရင်း Wheelchair ကိုနောက်ကနေတွန်းလို့ ခေါ်လာခဲ့တော့တယ်။

____________________________

ခွဲခန်းရှေ့ကိုရောက်တော့ ခွဲခန်းအကူတွေအားလုံးက ပြင်ဆင်စရာရှိတာတွေကို ပြင်ဆင်ထားကြပြီ ၊ တာဝန်ယူထားတဲ့ ဆရာဝန် မရောက်ခင် လူနာကို အရင်နေရာချပေးမယ့်ပုံမျိုးပဲ ။

အခန်းဝမှာ အသင့်စောင့်ကြိုနေတဲ့ Male nurse လေးရဲ့ လက်ထဲကို Wheelchair လက်ကိုင်ကို လွှဲပေးပြီးတဲ့နောက် Chanyeol ချစ်ရသူလေးရဲ့ရှေ့မှာ ဒူးဆစ်တစ်ဖက်တုပ်ပြီး ထိုင်ချလိုက်တယ် ။ ပြီးတော့လက်လေးနှစ်ဖက်လုံးကို ခပ်ဖွဖွလေး ဆုပ်ကိုင်လို့ ငုံ့နမ်းလိုက်လေရဲ့ ။

" ကိုယ်စောင့်နေမယ် ၊
ကျန်းကျန်းမာမာနဲ့ ပြန်လာခဲ့ "

Baekhyun က ပြုံးပြုံးလေးနဲ့ပဲ ခေါင်းလေးတဆတ်ဆတ် ငြိမ့်ပြလို့ သူ့လက်ကို ဆုပ်ကိုင်ထားတဲ့ Chanyeol ရဲ့ လက်ချောင်းအကြီးကြီးတွေထဲက လက်သန်းကို သူ့လက်သန်းသေးသေးလေးနဲ့ ချိတ်တွယ်လို့ ကတိပေးရှာတယ် ။

This Mafia Fall In You [ ဒီမာဖီးယားကတော့ မင်းဆီမှာ ကျဆုံးသွားပြီ ]Tahanan ng mga kuwento. Tumuklas ngayon