အပိုင်း ၂၃

8.5K 961 40
                                    

အပိုင်း ၂၃ [ Unicode Version ]

မာဖီးယားဂိုဏ်းသားတွေတ်ိုင်းဟာ ရုပ်ရှင်တွေထဲကလို တေလေဂျပိုး အိမ်ခြေရာမဲ့တွေတော့ မဟုတ်ဘူး။ Chanyeol ရဲ့ လက်အောက်ခံဂိုဏ်းသားအတော်များများဟာ ဒါကို အလုပ်အကိုင်တစ်ခုအနေနဲ့ အတည်တကျလုပ်နေတာများတယ်။

ဒီနေ့လည်း ဂိုဏ်းသားတစ်ယောက်ဟာ သူ့တစ်ဦးတည်းသော မိသားစုဝင်ဖြစ်တဲ့ အဒေါ်နေမကောင်းတာမို့ ခွင့်တစ်ရက်ယူပြီး ဆေးရုံမှာ လိုအပ်တာဖြည့်ဆည်းပေးရေးနဲ့ ငွေကြေးထောက်ပံ့ပေးရေးကို လာစီစဥ်နေရတယ်။ ပြင်ပလူနာဆောင်မို့ များပြားလွန်းတဲ့ ကုတင်တွေကြားထဲ အားလုံးသူ ကတိုက်ကရိုက်နဲ့ ။

" အို့ဆန်းဂျောင်းရဲ့ လူနာရှင်ဘယ်သူလဲမသိဘူး "

" ဒီမှာပါ "

File လေးတစ်ချပ်ကို ရင်ဘတ်မှာပိုက်ရင်း ရောက်လာတဲ့ nurse လေးဟာ သူ့ကို ဆေးစာရွက်တစ်ထပ် လာပေးလာတယ်။

" ဒီစာရွက်ကိုပြပြီး ကောင်တာမှာ ဆေးသွားထုတ်ပေးပါနော် "

" အာ ဟုတ်ကဲ့ "

_______________________________

Reception က ဆေးထုတ်တဲ့ကောင်တာရှေ့မှာ ဧည့်စောင့်တဲ့ ခုံတန်းတွေနဲ့ထက် ထိုင်နေကြတဲ့လူတွေက ဟိုတစ်စု သည်တစ်စုများများပြားလွန်းတယ် ။ Suit အပြည့်အစုံနဲ့မို့ မာဖီးယားအရှိန်အဝါ မကျဆင်းသေးသလားတော့မသိ။ ကတုံးဆံတောက်နဲ့သူ့ကို မြင်တာနဲ့ကို မသိမသာဖယ်ပေးကြတာမို့ အလှည့်ကျတောင်အကြာကြီး ထိုင်မစောင့်လိုက်ရဘူး။

ဆေးစာရွက်ပြ ဆေးထုတ်ပြီးတာနဲ့ ကျသင့်ငွေကိုရှင်းရင်း ပြန်လှည့်မယ်ပြင်တော့ ဧည့်စောင့်ခုံတန်းရှည်တွေကြားထဲမှာထိုင်နေတဲ့ ရင်းနှီးတဲ့မျက်နှာတစ်ခုကို တွေ့လိုက်ရတယ် ။

အဲ့ဒါက သခင်လေးပဲ။

ဂိုဏ်းသားဟာ ပထမတော့ နှုတ်ဆက်မယ်ပြင်လိုက်တယ်။ ဒါပေမယ့် မြင်လိုက်ရတဲ့ သခင်လေးလက်ထဲမှာကိုင်ထား​တဲ့ ဖတ်စာအုပ်တစ်အုပ်ကြောင့်ရယ်၊ နောက်ပြီး များပြားလွန်းတဲ့ ဂိုဏ်းသားတွေထဲ သူ့ကို မှတ်မိမလားမသေချာလို့ရယ်ကြောင့် ဒီတိုင်းပဲ လှည့်ထွက်ခဲ့တော့တယ်။

This Mafia Fall In You [ ဒီမာဖီးယားကတော့ မင်းဆီမှာ ကျဆုံးသွားပြီ ]Where stories live. Discover now