အပိုင်း ၂၈

12.1K 1.1K 46
                                    

အပိုင်း ၂၈ [ Unicode Version ]

Chanyeol ကားထက်ကနေ အသာအယာပွေ့ယူလာတဲ့ ခန္ဓာကိုယ်လေးကို ရင်ခွင်ထဲ ခေါင်းလေးအပ်ထားစေပြီးတဲ့နောက် စံအိမ်ထဲကို ဝင်လာခဲ့တယ်။ တိတ်တဆိတ် လှုပ်ရှားနေကြတဲ့ ဂိုဏ်းသားတွေဟာ သူတို့သခင်လေး အနှောင့်အယှက်ဖြစ်သွားမှာစိုးလို့ အရာရာကို သတိဝီရိယနဲ့။

အခန်းတံခါးကို အလိုက်သင့် အသာအယာဖွင့်ပေးလာတဲ့ ဂိုဏ်းသားကိုကျော်ဝင်ပြီးတဲ့နောက် ခပ်တိုးတိုးပြန်ပိတ်သွားတဲ့ အခန်းတံခါးရဲ့နောက်မှာ သူရယ် ရင်ခွင်ထဲက ကောင်လေးရယ်ပဲ ကျန်ခဲ့တော့တယ်။

Chanyeol ရင်ခွင်ထဲမှိန်းနေတဲ့ကိုယ်လေးကို အိပ်ယာထူအိအိပေါ်ထက်အသာလေး ချပေးလိုက်တော့ လူးလွန့်ပြီး ခပ်မှေးမှေးဖွင့်ဟလာတဲ့မျက်ဝန်းလေးတွေက သူ့ကိုမော့ငေးလာလေရဲ့။ တကယ်တော့ အသာမှိန်းပြီး လိုက်ခဲ့ရုံလေးမို့ Baekhyun အိပ်ပျော်မနေပါ။

တစ်ယောက်ကို တစ်ယောက်နားလည်နေတဲ့ အခြေအနေမှာ Chanyeol ခေါင်းအုံးထက်က နဖူးပြင်ပြေပြေလေးကို ငုံ့နမ်းလိုက်ပြီး ဆံပင်လေးတွေကို ခပ်ဖွဖွ သပ်တင်ပေးလိုက်တယ်။

" ကိုယ် အဝတ်လဲလိုက်ဦးမယ် "

ခေါင်းငြိမ့်ပြလာတဲ့ကောင်လေးကို တစ်ချက်ပြုံးပြပြီးတဲ့နောက်မှာတော့ Chanyeol အဝတ်လဲခန်းထဲကို ခဏလျှောက်ဝင်သွားလေရဲ့။

____________________________

သက်တောင့်သက်သာ ရှပ်လက်ရှည်အပွတစ်ထည် ၊ trousers အပွတစ်ထည် လဲလို့ ပြန်ထွက်လာပြီးတဲ့နောက်မှာတော့ Chanyeol တစ်ခါတည်း ကုတင်ပေါ်ထက်က စောင်ထူထူတစ်ထည်တည်းအောက်ကို မလို့တိုးဝင်လိုက်လေရဲ့။

အလိုက်သင့် သူ့ရင်ခွင်ထဲကို တိုးဝင်ဖို့ကြိုးပမ်းလာတဲ့ ကောင်လေးကို အသင့်ဆီးကြိုပွေ့ဖက်ပြီးတဲ့ နောက်မှာတော့ Chanyeol ရတနာပစ္စည်းလေးတစ်ခုကို အဆုံးရှုံးမခံနိုင်သလို ခပ်တင်းတင်းဖက်ထားလိုက်တော့တယ်။

တိတ်ဆိတ်ငြိမ်သက်လွန်းနေတဲ့ အခန်းထဲမှာ နှစ်ယောက်လုံးရဲ့ အသက်ရှုသံ မှန်မှန်တွေရယ်၊ စောင်ထူထူ အိပ်ယာထူထူတွေရဲ့  ပွတ်တိုက်သံ တရှပ်ရှပ်ရယ်ကလွဲလို့ မရှိဘူး။

This Mafia Fall In You [ ဒီမာဖီးယားကတော့ မင်းဆီမှာ ကျဆုံးသွားပြီ ]Where stories live. Discover now