အပိုင်း ၁၈ [ Adult ]

15.6K 1.1K 67
                                    

အပိုင်း ၁၈ [ Unicode Version ]

" Baekhyun လေး ၊ ရော့
ဒေါ်လေး အသားခြောက်နည်းနည်းကြော်ပြီး ဘူးနဲ့ထည့်ထားတာ ၊ ဒါလေးပါ ယူသွားလိုက် ၊ အစားအသောက်မပျက်စေနဲ့နော် "

မနက်စောစော Seoul ကိုပြန်ဖို့အတွက် Luggage ပြင်နေတဲ့ Baekhyun ကို ဒေါ်လေးက သူပြင်ထားတာလေးတွေ လာပေးတယ် ။ Baekhyun မျက်နှာက ဒေါ်လေးကို သေသေချာချာ ပြုံးပြဖို့လောက်တောင် မလန်းဆန်းနိုင်ဘူး ။

" ဟုတ် ၊ ကျွန်တော် ဂရုစိုက်ပါ့မယ် "

" အေးကွယ် ၊ မျက်နှာလေးတောင် သိပ်မလန်းသလိုပဲ ။
စာတွေလည်း ညတအားနက်တဲ့အထိ လုပ်မနေနဲ့ဦးနော် "

" ဟုတ်ကဲ့ "

Baekhyun ခပ်ဖျော့ဖျော့လေး ပြုံးပြရင်း ခေါင်းညိတ်တော့ ဒေါ်လေးက ခေါင်းကို ခပ်ဖွဖွလေး တစ်ချက်ပွတ်သပ်ပေးလာပြီး ကူပြင်ပေးသင့်တာ ပြင်ပေးလာတယ် ။

အားလုံးပြီးစီးသွားတဲ့ အချိန်ကိုက် ကွက်တိမှာပဲ ခြံဝန်းထဲကို ကားတစ်စီးမောင်းဝင်လာသံကို ကြားလိုက်ရလေရဲ့ ။ Baekhyun မှာထားတဲ့အတိုင်း ဂိုဏ်းသားအများကြီး လိုက်ပါမလာဘဲ Driver တစ်ယောက်သာ ပါတယ် ။

" ဒါဆို ဒေါ်လေး ၊ ကျွန်တော် သွားတော့မယ် ။
ဦးလေးကိုလည်း ဂရုစိုက်ဦးနော် "

" အေးပါကွယ် ၊
သူ့ခြေထောက်လည်း အခုလုံးဝ အကောင်းပတိဖြစ်သွားပါပြီ ။ စိတ်ပူမနေဘဲ အေးအေးချမ်းချမ်းသာ ပြန် "

လာကြိုတဲ့ Driver က တစ်ယောက်တည်းဖြစ်လင့်ကစား Baekhyun ထွက်လာတာကိုမြင်တာနဲ့ ရိုရိုကျိုးကျိုး အထုတ်တွေ လာကူသယ်တာကိုရော ၊ တစ်စီးတည်း ဖြစ်လင့်ကစား အငှားကားနဲ့ နည်းနည်းလေးမှ မတူဘဲ အကောင်းစားကားမှန်း သိသာနေတာကိုရော ။ အားလုံးကို ဒေါ်လေး ရိပ်မိလောက်ပေမယ့် အလိုက်တသိပဲ Baekhyun ကို ဘာမှမမေးမြန်းလာပဲ ဂရုစိုက်ဖို့ အကြောင်းသာ တဖွဖွ မှာနေရှာတယ် ။

Baekhyun လည်း Haru လေးအပါအဝင် ဦးလေးရော အားလုံးကို နှုတ်ဆက်ပြီးတဲ့နောက် ကားပေါ်ကို တက်လိုက်ပြီး Seoul ကို ပြန်လာခဲ့တော့တယ် ။

တိတ်ဆိတ်ငြိမ်သက်နေတဲ့ ခရီးလမ်းတလျှောက် Baekhyun  အတွေးတွေ ဟိုလွင့်ဒီလွင့်နဲ့ လက်ထဲက ဖုန်းကိုပဲ ငြိမ်ငြိမ်လေး ငေးကြည့်နေခဲ့မိတယ် ။ မနက်အစောကြီး ကတည်းက သူ လုံခြုံရာကို ပြန်ရောက်ပြီဖြစ်ကြောင်း စိုးရိမ်စရာမလိုကြောင်း ဖုန်းဆက်ပေမယ့် အားအင်ဖျော့တော့နေတဲ့ ခပ်သြသြအသံကြောင့် Baekhyun စိတ်မကောင်းဖြစ်နေရတုန်းပဲ ။

This Mafia Fall In You [ ဒီမာဖီးယားကတော့ မင်းဆီမှာ ကျဆုံးသွားပြီ ]Where stories live. Discover now