အပိုင်း ၅

15.1K 1.4K 119
                                    

အပိုင်း ၅ [ Unicode Version ]

နောက်နေ့ မနက်တွင်တော့ သူဆရာဝန်လောင်းလေး၏ ဖုန်းကို ခဏငှားရင်း ဂိုဏ်းက သူ့လက်ထောက် တပည့်ကို ဖုန်းခေါ်ရ၏ ။

" Boss !! "

နားထဲ စူးခနဲ ဝင်လာသော ငိုသံကြီးကြောင့် Chanyeol မှာ ဖုန်းကို နားကနေ ခွာပစ်လိုက်ရသေးသည်။

" Boss အသက်ရှင်သေးတယ်နော် ! အီးဟီး
ဓားဒဏ်ရာလည်း ရသွားတယ်ဆိုပြီး Boss ကို ရှာမတွေ့လို့ ကျွန်တော်တို့... ကျွန်တော်တို့... "

" ဟေ့ကောင် ! တော်ရုံပဲ လုပ်စမ်း
ငါ့ပုံက အဲ့လောက်နဲ့ သေမယ့်ပုံပေါက်နေလို့လား
လိပ်စာပို့ပေးလိုက်မယ်... လာခေါ် "

" ဟုတ်ကဲ့ Boss !
ကျွန်တော်တို့ ချက်ချင်း လာခဲ့ပါမယ် "

တိုတိုတုတ်တုတ် ပြောပြီးတာနဲ့ ဖုန်းကိုချလို့ ဘေးဘက်က ကောင်လေးကို ပြန်ကမ်းပေးလိုက်ရသည် ။ အိမ်ရှေ့တွင် ခြေတွဲလဲချထိုင်နေကြရင်း လက်ထဲတွင်လည်း မနက်စာအဖြစ် Hamburger တစ်လုံးစီ ကိုင်ထားကြ၏ ။

မနက်စောစော အိပ်ယာထပြီးသည်နှင့်  လမ်းထိပ်ကဆိုင်တွင် အပြေးသွားဝယ်ချည်သည်ဟု သိရသည် ။ Chanyeol ခါတိုင်းဆို ဒီလို ကလေးကလား အစာတွေ စားလေ့မရှိပေမယ့် ဒီတစ်ခါတော့ ထိုကောင်လေး ပျော်ရွှင်စေရန် အရာသာရှိရှိကို ပါးဖောင်းသည်အထိ စားပြနေမိသည် ။

အချစ်ဆိုသည်မှာ ဒီလို ရူးကြောင်ကြောင် အရာများကိုပါ လုပ်ဆောင်စေနိုင်စွမ်း ရှိကြောင်း တစ်မနက်တည်းနှင့်ပင် Chanyeol သဘောပေါက်သွားရ၏ ။

သူ့ဘဝတွင် ကြုံဖူးသော ပတ်သတ်မှုများ ဆိုသည်မှာ Drug Party များ ကာစီနိုဝိုင်းများတွင် ရှိုက်ကြီးဖိုငယ်အသွယ်သွယ်နှင့် မဒီအချို့အား ရင်ခွင်ထဲ ထည့်ဖူးရုံကလွဲ၍ မရှိပေ ။ ချစ်သည် ဟူသည့် အဆင့်ထိ သတ်မှတ်ရအောင်အထိလည်း ကောင်းကောင်းမွန်မွန် လူမျိုးမတွေ့ဖူးခဲ့ ။ ရိုင်းရိုင်းပြောရလျှင် သူကျင်လည်ရာ ပတ်ဝန်းကျင်က မိန်းမပျက်များနှင့်သာ ပတ်သတ်၍ ရနိုင်သည်။

Chanyeol ဆိုသည့်အမျိုးကလည်း ဒုစရိုက်လောကတွင်သာ ကျင်လည်နေပေမယ့် မိမိနှလုံးသားကိုတော့ တန်ဖိုးမရှိသည့် ပေါပေါပဲပဲ လူတစ်ယောက်ထံသို့ ပေးပစ်ရန် ဆန္ဒမရှိပေ ။ နှလုံးသား မပြောနှင့် One Night Stan ပုံစံမျိုး ပတ်သတ်ရန်ပင် မသတီ။ ယခုအခါတွင်တော့ ဤဖြူဖြူစင်စင် ဆရာဝန်လောင်းလေးက သူ့နှလုံးသားကို အောင်အောင်မြင်မြင်ကို သိမ်းပိုက်သွားနိုင်လေပြီ ။

This Mafia Fall In You [ ဒီမာဖီးယားကတော့ မင်းဆီမှာ ကျဆုံးသွားပြီ ]Where stories live. Discover now