အပိုင်း ၁၀

13.2K 1.1K 39
                                    

အပိုင်း ၁၀ [ Unicode Version ]

ရှင်းလင်းနေတဲ့ စားပွဲအဖြူထက်က စားချင့်စဖွယ် အပြင်အဆင်နဲ့ အချိုပွဲတစ်ပွဲကို Baekhyun မျက်လုံးတောက်တောက်လေးတွေနဲ့ ကြည့်ရင်း ဇွန်းဖျားလေးနဲ့ တို့ကြည့်မိလိုက်တယ် ။

ကျယ်ပြန့်တဲ့ ကြွေပန်းကန်ဖြူအလယ်မှာ တည်ရှိနေတဲ့ Velvet cake လေးက အမြင်နဲ့တင် နူးညံ့လွန်းလို့ ပျော်ကျသွားမတတ်ဖြစ်နေပြီး ရောင်စုံဂျယ်လီလုံးလေးတွေ ၊ သစ်သီးလေးတွေ ၊ ပူတင်းလေးတွေနဲ့ ၊ jam အချို့ကာရံပြီး luxury ဆန်လွန်းတယ် ။ Baekhyun သွားရေ တောက်တောက်ကျမတတ် ဖြစ်နေပေမယ့် စားရမှာ ရှိန်နေတုန်းပဲ။

" ထိုင်ကြည့်ပြီး ဘာလုပ်နေတာလဲ ဘေဘီ..
မြည်းကြည့်လေ "

အနက်ရောင် သန်းနေတဲ့ ကော်ဖီသေးသေးတစ်ခွက်ကို လျှာဖျားမှာ အရသာတင်ရုံ ဖြည်းဖြည်းချင်း သောက်နေတဲ့ မာဖီးယားကြီးက သူ့ကို မေးဆတ်ပြရင်း ပြောလာတော့ Baekhyun မျက်လုံးလေး တစ်ချက်လှန်ကြည့်လိုက်ပြီး လက်ထဲက ဇွန်းနဲ့ cake လေးကို ဖဲ့ယူလိုက်တယ် ။

ပါးစပ်ထဲ ပျော်ဝင်သွားတဲ့အရသာက ချိုချိုအေးအေးလေးနဲ့ အရာသာရှိလွန်းတဲ့အပြင် ရနံ့သင်းသင်းလေးကိုပါ စိတ်ကြည်ဖွယ် ရနိုင်သေးတယ် ။ သူစားဖူးသမျှ cake တွေထဲ အကောင်းဆုံးအရသာပဲ ။

" ဘယ်လိုလဲ မကြိုက်ဘူးလား ?
မုန့်ဖတ်ဆရာ ပြောင်းလိုက်ရမလား "

Baekhyun ဟာ ပြူးကြောင်ကြောင် မျက်ဝန်းလေးတွေနဲ့ ဆံပင်လေးတွေ ဝဲခါသွားအောင်အထိ အလျင်စလို ခေါင်းခါပြလိုက်တယ်။

" မဟုတ်ဘူး ။ တကယ် အရသာရှိလွန်းတယ် ။
ကျွန်တော်စားဖူးသမျှ cake တွေထဲ အကောင်းဆုံးပဲ "

တက်ကြွလွန်းတဲ့ မျက်နှာအမူအယာလေးကို မြင်လိုက်ရတော့ Chanyeol သတိမထားမိခင်မှာပဲ ငေးကြည့်နေရင်း အလိုလို အပြုံးတွေ ကူးစက်လာလေရဲ့ ။ ကိုယ်ဟာကိုယ် ပြန်သတိထားမိလိုက်တော့ Chanyeol မဆိုသလောက် ရှက်ရွံစိတ်လေးနဲ့ မျက်ခုံးတွေကို လက်ညှိုးတစ်ဖက်နဲ့ ကုပ်ပြီး ဟက်ခနဲ ရယ်မိတယ်။ မြင်မကောင်းအောင်ကို သူအချစ်ရူးနေမိတာပဲ ။

" ဒါတစ်ပွဲ ဘယ်လောက်လောက် ရှိမယ်ထင်လဲဟင် ?
Hotel တွေမှာ စားရင် စျေးအသေကြီးလောက်တယ်မလား ? "

This Mafia Fall In You [ ဒီမာဖီးယားကတော့ မင်းဆီမှာ ကျဆုံးသွားပြီ ]Where stories live. Discover now