အပိုင်း ၁၅

9.9K 1K 65
                                    

အပိုင်း ၁၅ [ Unicode Version ]

Baekhyun အတွက်တော့ ဒီနေ့က သာမန်နေ့တွေ များနေတဲ့ ရက်သတ္တပတ်ထဲက ထူးခြားတဲ့ ရက်ကလေးပေါ့ ။

သူငယ်ချင်းနဲ့တွေ့ဖို့ Seoul ကိုခဏသွားမှာလို့ ဒေါ်လေးတို့ကို အသိပေးထားပေမယ့် အဲ့သူငယ်ချင်းက သူ့ကို တအားရင်တုန်စေနိုင်စွမ်းရှိတယ် ။ အသစ်လွင်ဆုံး Hoodie လေး တစ်ထည်ကို ရွေးရင်း ဗျာများနေရတဲ့အခိုက်မှာ ညတုန်းက အဖြစ်အပျက်က ခေါင်းထဲဝင်လာတိုင်း Baekhyun မျက်နှာလေး ရဲတက်သွားရတာ အခါခါပဲ ။

ဒါပေမယ့် သူအတတ်နိုင်ဆုံး မျက်နှာထားလေးကို တည်တည်တင်းတင်း ထားဖို့ပဲ ဆုံးဖြတ်ထားတယ် ။ ဆေးကျောင်းသားလေး တစ်ယောက်ရဲ့ တည်ငြိမ်တဲ့ မှင်သေသေ မျက်နှာထားမျိုးလေးပေါ့။မဟုတ်ရင်တော့ Flight မထွက်ခင်အချိန်လေးမှာတောင် ညက ကိစ္စနဲ့ပတ်သတ်ပြီး သူဘယ်လောက်ထိ အစအနောက်ခံရမလဲဆိုတာကို မတွေးရဲဘူး ။

Baekhyun အိမ်ကနေ ထွက်လာတဲ့အချိန်မှာတော့ နာရီဝက်လောက် အဝတ်အစားထိုင်ရွေးနေခဲ့တာ သူမဟုတ်တဲ့အတိုင်း ထောပတ်စိမ်းရောင် Hoodie လေးတစ်ထည်ရယ် ၊ ရိုးရိုးရှင်းရှင်း  ဂျင်းဘောင်းဘီတစ်ထည်ရယ်နဲ့ပဲ ထွက်လာခဲ့တယ် ။

အိမ်ကနေ မနီးမဝေးနေရာထိ လမ်းလျှောက်လာပြီးတဲ့နောက်မှာတော့ အဒေါ်တို့မရိပ်မိအောင် သူ့အလိုကျ ခပ်ဝေးဝေးမှာ ကားရပ်ထားပြီး စောင့်ကြိုနေတဲ့ ဂိုဏ်းသားတွေကို တွေ့လိုက်ရလေရဲ့ ။

သူလာတာကိုမြင်တော့ အဆင်သင့် ကားတံခါးဖွင့်ပေးထားပြီး ဆီးကြိုနေတာမို့ တစ်စုံတစ်ယောက်ကို တွေ့ရတော့မယ်ဆိုတဲ့ အတွေးနဲ့ Baekhyun မျက်နှာလေးက ပိုလို့လန်းဆန်း တက်ကြွသွားရတယ် ။ Hoodie အိတ်ထဲ လက်နှစ်ဖက်နှိုက်ရင်း ကားရပ်ထားတဲ့အနားဆီ အရှိန်လေးတင်ပြီး ပြေးသွားမိတော့...

" အာ့ !! "

" သခင်လေး "

" သခင်လေး "

ကားနားရောက်ခါနီးမှ ရုတ်တရက် ခြေလွဲပြီး လဲကျမလိုဖြစ်သွားတဲ့ Baekhyun ကို ကတုံးတို့အုပ်စုက စိုးရိမ်တကြီး လှမ်းဖမ်းဆွဲထားပေးကြတယ် ။ တော်သေးလို့ ၊ လဲဖို့ သီသီလေး လိုသွားတယ်။

This Mafia Fall In You [ ဒီမာဖီးယားကတော့ မင်းဆီမှာ ကျဆုံးသွားပြီ ]Where stories live. Discover now