အပိုင်း ၉ ( Adult )

17.5K 1.2K 23
                                    

အပိုင်း ၉ [ Unicode Version ]

[ Warning : Sexual contect alerts ❗
Read at your own risk or you can skip it,
The whole chapter ]

နှစ်ယောက်လုံး အနက်မှာမှ မာန်ဖီနေတဲ့ Mafia ကြီး တစ်ယောက်တည်းမှာပဲ အပေါ်ပိုင်း naked ဖြစ်နေတဲ့ အခြေအနေဆိုပေမယ့် ကုတင်ပေါ်မှာ ပြင်းပြင်းထန်ထန် ပွေ့ဖက်နမ်းရှုံ့နေတဲ့ အနေအထားက ဘယ်ကို ဦးတည်မလဲဆိုတာ Baekhyun သိနေတယ် ။

ဆေးကျောင်းသား တစ်ယောက်မို့ သာမန်လူသိသင့်တာထက် ပိုပြီးတောင် ခန္ဓာဗေဒ အကြောင်းကိုသိထားပေမယ့် တစ်လတောင် ပြည့်အောင်မတွဲရသေးတဲ့ ချစ်သူနဲ့ အတူအိပ်တဲ့ အဆင့်ထိသွားရမှာက Baekhyun ကို မဆိုသလောက်လေး ကြောက်လန့်စေတာ အမှန်ပဲ ။

ထပ်ခါ ထပ်ခါ သံသယတွေ ဝင်နေတာတော့မဟုတ်ပေမယ့် Mafia ဆိုတဲ့ ဂုဏ်ပုဒ်ကကို သူ့ကို တအားသိမ်နုပ်သေးငယ် သွားစေပြီး ခဏကစားခံ အရုပ်တစ်ရုပ်လို ခံစားလာစေရတယ် ။ Baekhyun အဲ့ဒါကို ထုတ်လည်း မပြောရဲဘူး ။ တစ်ဘဝစာ မသေချာတဲ့ လူတစ်ယောက်ဆီကို သူ့အရာအားလုံး အဆုံးထိ ပုံအပ်လိုက်လို့ တကယ်ပဲ ဖြစ်ပါ့မလား ။

တစ်ချိန်တည်းမှာပဲ အာရုံလွင့်နေပုံပေါ်တဲ့ ကောင်လေးရဲ့ မျက်ဝန်းတွေကို Chanyeol ရိပ်မိတာမို့ နမ်းရှုပ်နေခြင်းကို ခဏ ရပ်ပေးလိုက်တယ် ။ အိပ်ယာထူထူထဲမှာ နစ်ဝင်နေတဲ့ ကိုယ်လေးကို ဆွဲထူလိုက်တော့ ငှက်မွေးလေးတစ်စလို ပေါ့ပါးစွာ မြောက်တက်လာပြီး သူ့ရင်ခွင်ထဲ ထွေးပွေ့ခံလိုက်ရတယ် ။

" မင်းစိတ်ထဲတွေးနေတာတွေကို ကိုယ်မရိပ်မိဘူးလို့မထင်နဲ့ "

Baekhyun ဟာ မိမိချစ်သူ မာဖီးယားကြီးရဲ့ ရင်ခွင်ကျယ်ကြီးထဲမှာ ကျောကပ်ရုံ အနေအထားနဲ့ ကုပ်ကုပ်လေး တည်ရှိနေရင်း စိတ်လှုပ်ရှားမှုကြောင့် လက်ချောင်းထိပ်လေးတွေကို ကုပ်ဖဲ့နေမိတယ် ။

သူ့နောက်မှာ တည်ရှိတဲ့ ကြီးမားတဲ့ ကိုယ်ထည်ကြီးနဲ့ ချစ်သူက သတိထားမိသွားဟန်ပေါ်တော့ သူ လက်ချောင်းထိပ်တွေကို ဆက်ကုပ်ဖဲ့မနေစေဖို့ လက်ချောင်းတွေကြားထဲ တိုးဝင်ဆုပ်ကိုင်လာတယ် ။သွယ်လျတဲ့ ဖြူဖျော့ဖျော့ လက်ချောင်းတွေနဲ့ ကြီးမားကျယ်ပြန့်လွန်းပြီး အကြောတွေပေါ်နေတဲ့ လက်ဖဝါးကြီးဟာ ဘယ်လောက် ခြားနားမှု ရှိသလဲဆိုတာ Baekhyun မျက်စိအောက်မှာ မြင်နေရတယ် ။ ပြီးတော့ နွေးထွေးတဲ့ အထိအတွေ့ကိုလည်း ခံစားလို့ရပါရဲ့။ သူ Chan ကို ယုံချင်တယ်။

This Mafia Fall In You [ ဒီမာဖီးယားကတော့ မင်းဆီမှာ ကျဆုံးသွားပြီ ]Where stories live. Discover now