အပိုင်း ၁၉

11.5K 1K 121
                                    

အပိုင်း ၁၉ [ Unicode Version ]

Basic Medical Science 2 နှစ်ကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ပြီ ။ Final first year ဆေးကျောင်းသား တစ်ယောက်အနေနဲ့ Baekhyun က ရင်ကထက် အရမ်းကို အလုပ်ပိုများလာတာပဲ ။ စာအုပ်ပုံတွေကြားထဲ အမြဲခေါင်းစိုက်နေရသလို field တွေ ဆင်းရတဲ့ practical တွေကြောင့် ဟိုပြေးဒီလွှားနဲ့ အမြဲတမ်း မအားရဘူး ။

ဒီနေ့မနက်လည်း ဂျူတီကုတ် တလွှားလွှားနဲ့ pratical ဆင်းရတဲ့ ဆေးရုံမှာ ပါမောက္ခနောက် Note book လေး တကားကားနဲ့ အပြေးလိုက်ရတာမို့ ကျောင်းပြန်ရောက်တဲ့အချိန် ခြေကုန်လက်ပန်းကျနေပြီ ။ Canteen မှာ နေ့လည်စာ ဝင်ယူပြီး လျော့တိလျော့ရဲ နဲ့လျှောက်လာတဲ့အချိန် စားပွဲတစ်ခုမှ နေရာယူပြီးသား Xing က သူ့ကို လက်လှမ်းပြလေရဲ့ ။ Baekhyun လက်ပြန်မြှောက်ပြဖို့တောင် အားမရှိတော့တာမို့ တန်းတန်းမတ်မတ်ပဲ လျှောက်သွားလိုက်တယ် ။

" Ahh... ပင်ပန်းလိုက်တာ "

" မင်း အိတ်ကို ငါယူလာခဲ့တယ် ၊ ရော့ "

ရေစိုနေတဲ့ tissue စလေးလို နွမ်းဖတ်လျော့ရဲ နေတဲ့ Baekhyun ကို ကြည့်ပြီး Xing က သူအလိုက်တသိယူလာပေးတဲ့ အိတ်ကို ကမ်းပေးလိုက်တယ် ။

" omm...ကျေးဇူးပဲ "

စာဂျပိုးလေး Baekhyun က ဒီလောက်ပင်ပန်းနေတာတောင် နေ့လည်စာစားရင်း စာဖတ်ဖို့ စာအုပ်တစ်အုပ်ကို အိတ်ထဲကနေ ထုတ်ယူနေသေးတယ် ။ ပြီးတော့ မနက်ကတည်းက Silence လုပ်ထားတဲ့ ဖုန်းလေးကိုလည်း ထုတ်စစ်နေလေရဲ့ ။

ဖုန်းကိုဖွင့်လိုက်တော့ နှစ်တွေကြာတာတောင် မရိုးနိုင်ဘဲ ပုံမှန်ပို့ထားတတ်တဲ့ message တွေကို တန်းစီ မြင်လိုက်ရတော့တာပဲ ။ တစ်မနက်လုံး နွမ်းလျနေတဲ့ Baekhyun ဟာ အားအင်လေး နည်းနည်းပြန်ပြည့်သွားသလို ခံစားလိုက်ရပြီး ကြည်ကြည်နူးနူးလေး ပြုံးမိသွားရလေရဲ့ ။ အရင်လို တွန့်ဆုတ်နေခြင်း မရှိတော့တဲ့ အခြေအနေမှာ Baekhyun ချက်ချင်းပဲ ဖုန်း call တစ်ခုကို ခေါ်ဆိုလို့ နားနားကပ်ထားလိုက်ပြီး နေ့လည်စာကို စစားနေလိုက်တယ် ။

" ဟယ်လို ကလေးလေး "

" အင်း...Chan ၊
ကျွန်တော် တမနက်လုံး မအားလို့ ဖုန်းကို Silence လုပ်ထားတာ "

This Mafia Fall In You [ ဒီမာဖီးယားကတော့ မင်းဆီမှာ ကျဆုံးသွားပြီ ]Where stories live. Discover now