အပိုင်း ၂၉

12.5K 1.1K 131
                                    

အပိုင်း ၂၉ [ Unicode Version ]

Baekhyun စာမေးပွဲဖြေဖို့တစ်ပတ်အလိုလောက်စပြီး Chanyeol ဟာ အလုပ်တွေဘက်ကို နည်းနည်းလေးတောင် လှည့်မကြည့်တော့ဘူး ။ အရာရာကို ညီမဖြစ်သူလက်ထဲ ထိုးအပ်လို့ Baekhyun အနားမှာပဲ မခွာတမ်းကပ်နေရှာတယ်။

ရောဂါအကြောင်း သိသွားပြီးတဲ့ညကတည်းက Baekhyun ကို စံအိမ်ထဲ အပြီးအစီး ရွေ့လာတာမို့ ညအိပ်ချိန်တိုင်း ရင်ခွင်နွေးနွေးထဲကို တိုးဝင်ခွင့်ရတယ် ၊ မနက်မိုးလင်းတိုင်း ရင်ခွင်နွေးနွေးထဲကနေ နိုးထခွင့်ရတယ်။

Baekhyun ခေါင်းတွေကိုက်တိုင်း ဒါမှမဟုတ် ပင်ပင်ပန်းပန်း ပျို့အန်တိုင်းလည်း အနားမှာ စိုးရိမ်တကြီး ကူညီဖေးမပေးပြီး မျက်ရည်ပါဝဲလာတတ်တာမို့ အများကြီးတောင် အားနည်းမပြရဲဘူး။ Baekhyun က အဆင်ပြေပါတယ်လို့ ဘယ်လောက်ပဲပြောနေပါစေ ချစ်ရသူရဲ့ ဒီလိုမြင်ကွင်းကို မြင်နေရတာက Chanyeol အတွက် ငရဲပဲ။

ပြီးတော့ စာမေးပွဲ နီးကပ်လာတာနဲ့အမျှ Baekhyun ရဲ့ စိတ်တွေက ပိုဆတ်လာတယ်။ တစ်ခါတလေ သူ့ချစ်သူက နေရာတကာ လိုက်ပူပင်ပေးနေတာကိုတောင် အမြင်မကြည်ချင်တော့ဘူး ။ စာမေးပွဲကို အလေးပေးနေတဲ့သူနဲ့ ကျန်းမာရေးကို အလေးပေးနေတဲ့သူနဲ့ကြားမှာ ဘယ်နေ့များ ရန်ပွဲဖြစ်ကြမလဲဆိုတာ ဂိုဏ်းသားတွေ ရင်တမမနဲ့ စောင့်နေရတယ်။ ဒါပေမယ့်လည်း သူတို့ Boss က အရာရာ အလျှော့ပေးနေတာပါပဲ။

Exam ဖြေမယ့်နေ့မှာတော့ Chanyeol အတွက် တကယ်ပြသနာ စတော့တာပဲ။ စကားနားမထောင်တဲ့ တဇွတ်ထိုးလေးဟာ စိုးရိမ်မှုတွေများပြီး ဘာအစားမှ မဝင်တော့ဘူး။ ညကတည်းက စားချင်စိတ်မရှိဘူးလို့ပဲ အတင်းငြင်းထားပြီး စားပွဲခုံကနေ မထတမ်း စာထိုင်လုပ်နေတယ်။

ဖြေနေရင်း တစ်ခုခုဖောက်လွဲဖောက်ပြန်ဖြစ်လာမှာစိုးလို့ ဆေးတွေ သေချာသောက်နေပေမယ့် ဆေးဒဏ်ကိုခံနိုင်ဖို့ အာဟာရကိုကျ မစားချင်ဘူး။ အဲ့ဒီတစ်မနက်လုံး Chanyeol ဆန်ပြုတ်တစ်ပန်းကန်နဲ့ စာလုပ်နေတဲ့သူနား တဂျီဂျီထိုင်ပြီး ချော့မော့နေရတော့တာပဲ။

" လာပါ ၊ တစ်ဇွန်း နှစ်ဇွန်းလောက်လေးပဲ ဝင်အောင်သောက်လိုက်နော် ၊ ကလေးလေး .. လိမ္မာတယ်မလား "

This Mafia Fall In You [ ဒီမာဖီးယားကတော့ မင်းဆီမှာ ကျဆုံးသွားပြီ ]Tempat cerita menjadi hidup. Temukan sekarang