အပိုင်း ၇

12.8K 1.4K 145
                                    

အပိုင်း ၇ [ Unicode Version ]

Yixing နဲ့ Hotpot အတူစားပြီး Baekhyun အိမ်ပြန်လာတဲ့အချိန်က ညနေ 5 နာရီခွဲကျော်နေပြီ ။ ကျောင်းမှာလည်း တစ်နေကုန်စာလေ့လာရတဲ့အပြင် ဗိုက်လည်းတင်းသွားပြီမို့ အိမ်ပြန်ရောက်တဲ့ အချိန်မှာတော့ Baekhyun လက်ချောင်းလေးတစ်ချောင်းတောင် လှုပ်ချင်စိတ် မရှိတော့ဘူး ။

ရေကိုလည်း ညမှောင်မှ ချိုးတော့မယ်လို့ စဥ်းစားထားတဲ့ Baekhyun ဟာ ဒီညနေကိုတော့ အပြည့်အဝ အနားယူဖို့ ဆုံးဖြတ်လိုက်ပြီး ခေါင်းအုံးတစ်အုံးနဲ့ အိမ်ရှေ့ဟင်းလင်းပြင်မှာ လှဲအိပ်လိုက်တယ် ။ ချက်ချင်းတော့ အိပ်မပျော်သေးတာမို့ ဘာရယ်မဟုတ် လှဲနေရင်း ဖုန်းကို ဖွင့်ကြည့်လိုက်မိတယ် ။

ဖုန်းဆက်လိုက်ရင် ကောင်းမလား ။

Baekhyun အတွေးထဲဝင်လာမိပေမယ့် လက်က contact ကို ထောက်ဖို့တော့ အများကြီး တွန့်ဆုတ်နေမိတယ် ။ နောက်ဆုံးတော့ လက်လျှော့ပြီး contact နား ရစ်သီရစ်သီ ဖြစ်နေတဲ့ လက်လေးကို ပြန်ရုတ်လို့ လက်မလက်သည်းခွံလေးကို တတိတိကိုက်နေတော့တာပဲ ။ အမှန်တကယ်ပြောရရင် Baekhyun အတွက် Mafia တစ်ယောက်ကို ကိုယ့်ချစ်သူလို့ သဘောထားဖို့ နည်းနည်းတော့ ခက်ခဲနေသေးတာအမှန်ပဲလေ ။

ခုလို သတိရနေတာမျိုးကို အလွမ်းလို့ ခေါင်းစဥ်တပ်လို့ ရသလားတော့မသိပေမယ့် ပြင်းပြင်းထန်ထန်ကြီးတော့မဟုတ် ။ တွေ့ချင်ပေမယ့် မတွေ့ရလည်း ဖြစ်တယ်ဆိုတဲ့ အနေအထားမျိုး  ။

နောက်ဆုံးတော့ စိတ်ရှုပ်ရှုပ်နဲ့ပဲ ဖုန်းကို ဘေးဘက် ပြန်ချထားလိုက်ပြီး မျက်လုံးတွေကို မှိတ်ဖို့ ပြင်လိုက်တဲ့ Baekhyun ဟာ ရုန်းရင်းဆန်ခတ် အသံအချို့ကို ပတ်ဝန်းကျင်ကနေ ကြားလိုက်ရလေရဲ့ ။ လူအများကြီးက တစ်ခုခုကို အားကြိုးမာန်တက် အားစိုက်လုပ်နေရသလို အသံမျိုး ။

စပ်စုချင်စိတ်လေး အခံရှိတဲ့ Baekhyun ဟာ ချက်ချင်းကို ငေါက်ခနဲ ခေါင်းလေးထောင်လာပြီး အိမ်ပေါ်ကနေ ခြေတွဲလဲချလို့ ဆင်းလိုက်တယ် ။ အိမ်နီးချင်းတွေများ တစ်ခုခုလုပ်နေကြသလားဆိုတဲ့ အတွေးလေးနဲ့ပေါ့ ။

ဒါပေမယ့် တဖြတ်ဖြတ်ပြေးပြီး ခြံတံခါးအပြာလေးကို ဆွဲဖွင့်လိုက်တာနဲ့ မျက်စိရှေ့တည့်တည့်ပေါ်လာတဲ့ ရင်အုပ်ကျယ်ကြီးကြောင့် Baekhyun မျက်ဝန်းလေးတွေမှာ အနည်းငယ် ထိတ်လန့်မှုလေး ဖြတ်ပြေးလို့ ကိုယ်လေး နောက်ကိုတွန့်သွားမိတော့တာပဲ ။

This Mafia Fall In You [ ဒီမာဖီးယားကတော့ မင်းဆီမှာ ကျဆုံးသွားပြီ ]Where stories live. Discover now