အပိုင်း ၆

13.5K 1.2K 129
                                    

အပိုင်း ၆ [ Unicode Version ]

ဗုဒ္ဓဟူးနေ့ တစ်ရက်၏ နေ့လည်ပိုင်းတွင် Yixing အတန်းတစ်ချိန်လစ်၍ Coffee ဆိုင်တစ်ခုသို့ ရောက်ရှိခဲ့ရသည် ။ ပထမနှစ် ဆေးကျောင်းသားလေးတစ်ယောက် ဖြစ်သည့်အလျှောက် Yixing ၏ ပုံမှာ ရည်ရည်မွန်မွန်လေးဖြစ်၍ လေးထောင့်ကျ မျက်မှန်လေးတစ်ခုကိုလည်း တပ်ဆင်ထား၏ ။

သို့သော် သူ့ရှေ့ထိုင်ခုံတွင် ရှိနေသူမှာမူလုံးဝ ကွဲပြားလွန်းသည် ။ ရှပ်အင်္ကျီလက်ရှည်ဖြူထက်တွင် ထုံးစံအတိုင်း Suit အနက်ရောင်ကို ဝတ်ဆင်ထားသူက ပွင့်ဟနေသော အင်္ကျီလည်ပင်းနားမှ တက်တူးရယ် ၊ မျက်လုံးထောင့်စွန်းက ကန့်လန့်ဖြတ် အမာရွတ်ရယ်နှင့် အရှိန်အဝါတစ်ခုကို ပေးစွမ်းနေသည် ။

အေးစက်စက် မျက်နှာထားနှင့် ခြေချိတ်ထိုင်နေသော ထိုလူ၏ နောက်ဘက်တွင် Copy ကူးထားသလား မှတ်ရအောင် ထပ်တူကျသော မင်သေသေ မျက်နှာထားများနှင့် လက်များကိုနောက်ပစ်၍ ရပ်စောင့်နေသော Guard များ 8 ယောက်ခန့်ရှိ၏ ။ 8 ယောက်လုံးသည် ရှေ့ကလူနှင့် မတူပဲ အင်္ကျီလည်ပင်းကြယ်သီးများကို အစေ့တပ်ကာ သေသေသပ်သပ် Suit ကို ဝတ်ဆင်ထား၍ အားလုံးသူ ကတုံးဆံတောက် ကေများနှင့် ဖြစ်ကာ နေကာမျက်မှန် ကိုယ်စီတပ်ထားကြသည် ။

သူတို့လို ရိုးသားကြိုးစား ဖိုးသခွားလေးများနှင့် နည်းနည်းလေးမှ မအပ်စပ်သော မာဖီးယားဂိုဏ်းဟူသည်မှာ ဒါမျိုးလား ။

Yixing မနေတတ်စွာ မျက်လွှာပြန်ချရင်း ရှေ့မှ အငွေ့တထောင်းထောင်းနှင့် ကော်ဖီခွက်ကို ယူကာ ဖြည်းဖြည်းချင်း သောက်လိုက်သည် ။ သူကလည်း ဂုဏ်သရေရှိ စာတတ်ပေတတ် ပဲမို့ အနည်းငယ်ရှိန်နေရုံကလွဲပြီး အများကြီး ကြောက်နေခြင်းမျိုးတော့ မရှိပါ ။

" မင်းက ဘေဘီ... Ah sorry ..Baekhyun ရဲ့ အနီးစပ်ဆုံး သူငယ်ချင်းဆိုတာမလား ? "

" ဟုတ်ပါတယ် ။ ဘာကိစ္စရှိလို့ ခုလိုတွေ့ဖို့ ပြောရတာလဲ မသိဘူး "

Yixing တည်တည်ငြိမ်ငြိမ်ပဲ ပြန်မေးလိုက်သည် ။ ကျောင်းစတက်ကတည်းက Roll No. ချင်း ကပ်လျှက် ကျသည်မို့ အမြဲ တတွဲတွဲသွားလာဖြစ်သည့် Baekhyun က သူခင်တာ မကြာသေးသည့် တစ်ဦးတည်းသော သူငယ်ချင်းဆိုလည်း မမှားပေ ။

This Mafia Fall In You [ ဒီမာဖီးယားကတော့ မင်းဆီမှာ ကျဆုံးသွားပြီ ]Where stories live. Discover now