အပိုင်း ၁၄

11.4K 1K 78
                                    

အပိုင်း ၁၄ [ Unicode Version ]

နေ့ရက်ပြက္ခဒိန်တွေက လျှင်မြန်စွာပဲ တစ်ရွက်ပြီး တစ်ရွက် ကူးပြောင်း ကုန်ဆုံးသွားကြတယ် ။ ဒီရက်တွေ အတောအတွင်း တစ်ခါတလေ လာတွေ့တတ်တဲ့ မာဖီးယားကြီးကို Baekhyun တိတ်တိတ်ကလေး မြို့ပြင်ဘက် Scooter လေးနဲ့ ထွက်ရင်း သွားခိုးတွေ့ရရှာတယ် ။ အဒေါ်တို့ကို အသိမပေးရဲသေးတာမို့ သူလုပ်သမျှ အရာတိုင်းက ခိုးကြောင်ခိုးဝှက်ချည်းပဲ ။

ညဘက် ဖုန်းဆက်ရင်လည်း ယာခင်းထဲ ဆင်းရင်း ခိုးကြောင်ခိုးဝှက် တိုးတိုးလေးပြောရတယ် ။ ယာခင်းထဲက အပင်အရွက်တွေ အတော်များများက လက်သည်းနဲ့ဆိပ်ခံထားရပေမယ့် လက်သည်မပေါ်ရှာဘူး ။

မြို့ပြင်မှာ သွားတွေ့တဲ့ အခါတိုင်းလည်း နောက်ခန်းကျယ်တဲ့ အလုံပိတ် ဇိမ်ခံကားကြီးက စောင့်နေပြန်ရော ။ ခိုးကြောင်ခိုးဝှက် နမ်းခြင်းအမှုကိုလည်း သူ့ချစ်သူဟာ အရမ်းကို နှစ်သက်တယ် ။ တစ်ခါတလေ လည်ပင်းမှာ အမှတ်အသားပေါ်အောင်ထိ နမ်းရှိုက်လိုက်တဲ့နေ့တွေဆို Baekhyun မှာ အိမ်မပြန်ခင် အအေးဘူးလေးတစ်ဘူးဝယ်ပြီး အရောင်မပေါ်အောင် ပွတ်နေရတော့တာပဲ ။

ဒီလကုန်လောက်ဆိုရင်တော့ ဦးလေးရဲ့ ခြေတစ်ဖက်ဟာလည်း အရှင်းအလင်း ပျောက်ကင်းတော့မှာ ဖြစ်သလို Baekhyun ရဲ့ Undergrduate second year လည်း စတင်တော့မှာ ဖြစ်တဲ့အတွက် Seoul ကို ပြန်ရတော့မယ် ။

ဒါပေမယ့် ခုတစ်ပတ်အတွင်းမှာ အလုပ်တွေ ပိုရှုပ်နေပုံရတဲ့ သူ့ချစ်သူကြောင့် Baekhyun တစ်လဆို တစ်လအလျောက် အလွမ်းဓာတ်လေး အနည်းငယ် လွှမ်းမိုးခံနေရလေရဲ့ ။

သူ Chan ကို မတွေ့ရဘဲ အသံခပ်သြသြနဲ့တင် အလွမ်းဖြေနေရတာ တစ်ပတ်လောက်ရှိသွားပြီ ။

" ကိုကြီး.. အပင်က ရေတွေများနေပြီလေ "

" ဟမ် ? Ah.. ဟုတ်သား "

Baekhyun ဟာ မနက်ခင်းစောစော ယာခင်းထဲ ရေဆင်းလောင်းတဲ့အချိန်မှာတောင် အရင်လို မတက်ကြွနိုင်တော့ဘူး ။ Haru လေး သတိပေးလို့ ငုံ့ကြည့်လိုက်တော့ သူအတော်ကြာ မလှုပ်မယှက် ရေလောင်းနေတဲ့ အပင်က အောက်ခြေမှာ အိုင်ထွန်းနေပြီ ။

This Mafia Fall In You [ ဒီမာဖီးယားကတော့ မင်းဆီမှာ ကျဆုံးသွားပြီ ]Where stories live. Discover now