အပိုင်း ၄ [ Adult ]

17.9K 1.4K 135
                                    

အပိုင်း ၄ [ Unicode Version ]

Warning - Adult scene and some openly usage will be contained ❗

နောက်တစ်ကြိမ် ရေနွေးဇလုံလေးကို ကိုင်၍ ဝင်လာသော ကောင်လေးကို ကြည့်ရသည်မှာ သူကိုယ်တိုင်လည်း မျက်နှာသစ်လာပုံပေါ်သည် ။ ပိုမို ကြည်လင်ဝင်းမွတ်နေသော မျက်နှာလေးနှင့် စိုထိုင်းထိုင်းဖြစ်နေသော နဖူးစပ်နားမှ ဆံပင်စလေးတွေက သက်သေတည်နေသည် ။

" ဟို...ခင်များမျက်နှာပေါ်က ဒဏ်ရာတွေကိုပါ ဆေးထည့်ရဦးမှာမို့ "

ကြည့်ရသည်မှာ သူ့မျက်နှာကို သန့်ရှင်းပေးရန်အတွက် အကြောင်းပြချက်ပေးနေပုံပေါ်သည် ။ Chanyeol သည် ခပ်လျှောလျှော လက်နောက်ထောက်ကာထိုင်နေရင်းမှ ခါးကို ပြန်မတ်လိုက်ပြီး မျက်နှာကို ပင့်မော့ပေးလိုက်သည် ။

" လာလေ... လာလုပ်ပေးလှည့် "

ထိုအခါ ထိုကောင်လေးသည် ချောင်းလေးအသာဟန့်ရင်း အနားတွင် တင်ပျဥ်ခွေလေး ဝင်ထိုင်ကာ Chanyeol ၏ မျက်နှာထက်ကို ရေဆွတ်ကာ ညှစ်ထားသည့် တဘက်စလေး တင်လာလေသည်။

Chanyeol သည် မာဖီးယားဂိုဏ်း ခေါင်းဆောင် တစ်ယောက် ဖြစ်သည့်အလျှောက် အသားအရေက ထိုကောင်လေးလို ဖြူဖွေးချောမွတ်မနေပေ ။ အနည်းငယ် ညို၍ ကြမ်းသည် ။

ထို့ပြင် နှစ်ယောက်လုံး ထိုင်လိုက်ရသောအခါ မော့၍ သန့်ရှင်းပေးရသူက ဆရာဝန်လောင်း ပေါက်စလေး ဖြစ်သွား၍ သူကတော့ ခါးကိုကိုင်းကာ မျက်နှာကို အောက်ငုံ့ပေးထားရ၏ ။

ထို့ပြင် ရဲရဲတင်းတင်း မျက်ဝန်းစူးစူးတွေကလည်း တည့်တိုးကြီးကို Baekhyun မျက်နှာအစိတ်အပိုင်း တစ်ခုချင်းစီ အပေါ်ကျရောက်နေတာမို့ Baekhyun နေရခက်လှလေသည် ။

လှုပ်ခတ်နေသော ခပ်တိုတို မျက်တောင်ဖျားတို့က ပထမ Baekhyun မျက်ဝန်းတွေ ၊ နောက်ပြီး နှာတံစင်းစင်းလေးတွေကို အသေအချာကြည့်ရှုနေပုံပင် ။ နောက်တစ်ခါ ထိုလှုပ်ခတ်နေသော မျက်တောင်များက အောက်သို့ စင်းကျသွား၍ Baekhyun နှုတ်ခမ်းပေါ် တန်းတန်းမတ်မတ်ကို ကျရောက်သွား၏ ။ အသေအချာ စိုက်ကြည့်နေသည့်အပြင် မျက်နှာကလည်း ပြုံးမယောင်ဖြစ်နေသေးတာမို့ Baekhyun မှာ တံတွေး မမြိုချမိအောင် မနည်းထိန်းထားရလေသည် ။

This Mafia Fall In You [ ဒီမာဖီးယားကတော့ မင်းဆီမှာ ကျဆုံးသွားပြီ ]Where stories live. Discover now