အပိုင်း ၂၆

10.1K 1K 90
                                    

အပိုင်း ၂၆ [ Unicode Version ]

အဲ့ဒီနေ့ပြီးတဲ့နောက်မှာ သူ့ချစ်သူဆီက Baekhyun လုံးဝအဆက်အသွယ် မရတော့ဘူး။ ဖုန်းမျက်နှာပြင်ပေါ်က ဆက်နေကျ contact လေးကို ကြည့်ရင်းပဲ Baekhyun အကြိမ်ကြိမ် သက်ပြင်းချနေရတယ်။

သူ့ဘက်ကလည်း ဆက်သွယ်ဖို့ မကြိုးစားတော့ဘူး။ အတူရှိနေရင်လည်း နည်းအမျိုးမျိုးနဲ့ ရောဂါအကြောင်းဖုံးကွယ်နေရတဲ့အတူတူ ဒီလိုခဏဝေးကွာနေတာကပဲ ပိုကောင်းမယ်ထင်တယ်။ လွမ်းရပေမယ့်လည်း...

Baekhyun အဆင်ပြေပါတယ်။ ဒါကိုတစ်ယောက်တည်း ကျော်ဖြတ်နိုင်တယ်။ တစ်လပဲ ၊ စာမေးပွဲဖြေပြီးတဲ့အထိ ဒီတစ်လပဲ ။ ဒီတစ်လပြီးရင် သူအရာရာကို ရှင်းပြပြီး Chan ကို တောင်းပန်မယ်။ သူ့ကို သေချာပေါက်ခွင့်လွှတ်မှာဆိုတဲ့ Chan အပေါ်ယုံကြည်မှုတွေက ပြင်းထန်လွန်းနေတာမို့ Baekhyun ဆုံးဖြတ်ချက်ကို သေချာပေါက်ပြန်ပြင်မှာ မဟုတ်ဘူး။

ဒါပေမယ့် ကျောင်းဆင်းချိန်ရောက်တိုင်း လာကြိုတဲ့သူကင်းမဲ့နေတဲ့ မြင်ကွင်းက Baekhyun ဘယ်လောက်အားတင်းထားထား သိမ်ငယ်မှုတွေ ဝင်ရောက်လာစေပြီး ရင်ထဲဆို့နင့်တက်လာစေတယ်။ အိမ်ပြန်ချိန်တွေဟာ အရင်ကထက် စိတ်ရော ကိုယ်ရော မောပန်းရတယ်။

" တရွေ့ရွေ့နဲ့ ဘယ်လိုလျှောက်နေတာလဲ
လာ... တက် "

Baekhyun မှတ်တိုင်ရှိရာဆီ လျှောက်နေတုန်းမှာပဲ ဘေးဘက်ကို လာရပ်တဲ့ ကားသံနဲ့အတူ ကြားလိုက်ရတဲ့ စကားသံကြောင့် လှည့်ကြည့်လိုက်မိတော့ ကားမှန်ချပြီး သူ့ကိုမော့ကြည့်နေတဲ့ Yixing ကို တွေ့လိုက်ရလေရဲ့။

Baekhyun စိတ်ထဲမှာ မဆိုသလောက်လေး စိတ်သက်သာရာ ရသွားရတယ်။ ဘေးဘက် Seat မှာ ဝင်ထိုင်လိုက်တော့ Yixing က သူ့ကို တကျစ်ကျစ် စုတ်သတ်ကြည့်ရင်း မေးလာလေရဲ့။

" ရန်ဖြစ်ကြပြီလား ၊
ဒီတစ်ခါတော့ ကြီးကျယ်ပုံပဲ "

Baekhyun ဘာမှပြန်မဖြေဘဲ စိတ်မပါလက်မပါ ဖွဖွလေးပြုံးရင်း နှုတ်ဆိတ်နေလိုက်တယ်။

Yixing ကတော့ ခေါင်းယမ်းပြီး ​သက်ပြင်းပဲ ချမိတော့တယ်။ သူတို့ အချင်းချင်း ရန်ဖြစ်ကြတာ ကိစ္စမရှိပေမယ့် ခုဆို လိုက်ပို့လိုက်ကြိုတဲ့ အလုပ်တစ်ခုပါသူ့မှာပိုလာပြန်ပြီ။ ဒါပေမယ့် ဒီတစ်ခေါက်တော့ သူ့ဆီကိုပါ အဆက်အသွယ်လုံးဝ လုပ်မလာတော့တဲ့ Boss ကြောင့် စိတ်ထဲနည်းနည်း ထူးဆန်းသလိုခံစားမိတယ်။  Baekhyun ကို ဒီလောက်ပစ်ရက်နိုင်သလား။

This Mafia Fall In You [ ဒီမာဖီးယားကတော့ မင်းဆီမှာ ကျဆုံးသွားပြီ ]Donde viven las historias. Descúbrelo ahora