အပိုင်း၃ ပွဲဦးထွက် ၁

6.8K 1K 16
                                    

အခန်း ၃ ပွဲဦးထွက် ၁

ကွမ်ကျင်က တံခါးနားက နေရာလေးတစ်ခုမှာ ထိုင်ရင်း ပျင်းရိပျင်းတွဲ နေပူဆာလှုံနေသည်။ သွေးနဲ့ ရေမချိုးရတာတို့ အန္တာရယ်မရှိတာတို့ မရှိတဲ့ ပေါ့ပျက်ပျက်နေရတဲ့ အရသာကြီးက သူ့အတွက်တော့ နည်းနည်းစိမ်းသက်နေသည်။

“မင်းတို့ နှစ်ယေက် ငါ့နို့လက်ဖက်ရည်တွေ သောက်နေတာ နှစ်ခွက်ရှိနေပြီ။ ပိုက်ဆံပေးဖို့ သတိရကြဦး” ပကတိဆွဲဆောင်မှုရှိတဲ့ မျက်လုံးလေးများနှင့် ဘောင်မဲ့မျက်မှန်တစ်လက် တက်ထားသည့် လူတစ်ယောက်က ကောင်တာအနောက်ကနေ အေးစက်စက်လှမ်းပြောသည်။

လင်းပိုင်က သူ့ကို လက်ယမ်းပြကာ “အေးပါ ငါတို့ နင့်အပေါ် အနိုင်မကျင့်ပါဘူးဟ”

ဒီလူ နာမည်က လီဖန် ဖြစ်ကာ အထူးအမှုတွဲအဖွဲ့ကို ကို အဓိကထောက်ပံ့ပေးနေသည့် မှုခင်းဆေးပညာဌာနမှ မှုခင်းဆေးဖက်သိပ္ပံပညာရှင် တစ်ယောက် ဖြစ်သည်။ သူက ကတ်စေးနဲတစ်ယောက် ဖြစ်ပြီး အရမ်းအေးစက်ပြီး ရက်စက်တတ်တဲ့သူ ဖြစ်ပေမယ့် သူ့မှာ ပကတိဆွဲဆောင်မှု ရှိသည့် မျက်နှာလေး ရှိနေတာတော့ နှမြောစရာ ကောင်းလှသည်။ 

ဒီ Book Café က လီဖန်၏ ဆွေမျိုးဝေးဦးလေးတစ်ယောက်၏ အမွေတစ်ခု ဖြစ်ကာ သူ့ကို တိုက်ရိုက် ပေးခဲ့တာ ဖြစ်သည်။ လီဖန်က ဒါကို မရောင်းပဲနှင့် ဒီဆိုင်လေး၏ အလုပ်သမားဟောင်းများကို ဆက်ငှားထားကာ ဆိုင်ကို ဆက်ဖွင့်စေပြီး သူကတော့ ပိတ်ရက်တွေမှာ လာပြီး ကြည့်ရှုလေ့ ရှိသည်။

လင်းပိုင်က ပိတ်ရက်တွေမှာ ဒီကို လာရတာ ကြိုက်ပြီး လတ်တတောမှာ ကွမ်ကျင်ကိုပါ ဆွဲခေါ်ခေါ် လာတတ်သည်။ သူ့ပြောစကားအရဆိုလျှင် ယခင်က လင်းပိုင် သူ့ကို ဘယ်လောက် ခေါ်ခေါ် ဘယ်တော့မှ မလိုက်လာဘူးဟု ဆိုသည်။

ကွမ်ကျင်က ရုတ်တရတ် “ပြောပါဦး ရဲတွေကရော စီးပွားရေး လုပ်လို့ ရလား”

လီဖန်က မော့တောင် မကြည့်ပဲ “ဒါက အမွေရတာလေ။ ငါက လက်ခံလိုက်ရုံလေးပဲ”

ကွမ်ကျင်က ပခုံးလေး တွန့်ခနဲနှင့် ဘာမှ ဆက်မပြောတော့ပေ။

ကျွီ!  အပြင်က ကားဘရိတ်အုပ်သံ ခပ်ပြင်းပြင်းထွက်လာပြီး ဆိုင်၏ မျက်နှာချင်းဆိုင် လမ်းဘေးတွင် ဖာရီရာ ပြိုင်ကားလေးတစ်စင်း ရပ်သွားသည်။ ပြိုးပြိုးပျက်ပျက် အဝတ်အစားများနှင့် နေကာမျက်မှန် တပ်ထားသူ တစ်ယောက် ကားထဲက ထွက်လာသည်။ ကွမ်ကျင့် ကြွက်သားတွေက အကျင့်အတိုင်း တင်းခနဲ ဖြစ်သွားပေမယ့် ဘာမှ မဖြစ်ခဲ့သူလို သူ အေးအေးဆေးဆေး ဆက်ထိုင်နေသည်။

တဖန်ရှင်သန်လာခြင်း၏ အထူးအမှုတွဲများ Myanmar Translate - CompletedWhere stories live. Discover now